ဒံယေလ 10:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူက “နှစ်သက်မြတ်နိုးခြင်းခံရသူဒံယေလ၊ ငါပြောသောစကားကို ဆင်ခြင်သုံးသပ်လော့။ ထ၍ ရပ်လော့။ ငါသည် သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူဖြစ်၏”ဟု ငါ့အား ဤစကားကိုပြောဆိုလျှင် ငါသည် တုန်ရီလျက် ရပ်လေ၏။ Common Language Bible ကောင်းကင်တမန်က``ဒံယေလ၊ ဘုရားသခင် သည် သင့်ကိုချစ်တော်မူ၏။ ထ၍ငါပြောမည့် စကားကိုသေချာစွာနားထောင်လော့။ ကိုယ် တော်သည်ငါ့အားသင့်ထံသို့စေလွှတ်တော် မူပြီ'' ဟုဆို၏။ ဤစကားကိုကြားသော အခါငါသည်တုန်လှုပ်လျက်ပင်မတ်တတ် ရပ်လိုက်၏။ Garrad Bible ထို သူ က အ လွန် နှစ် သက် ရ သူ ဒံ ယေ လ၊ မတ် တတ် ရပ်၍ ငါ ပြော သော စ ကား ကို နား လည် လော့။ သင် ရှိ ရာ သို့ ငါ့ ကို စေ လွှတ် တော် မူ ပြီ ဟူ သော စ ကား ကို ဆို လျှင် ငါ သည် တုန် လှုပ် လျက် ရပ် နေ၏။ Judson Bible သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှာ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တတ်နေ၏။ |
ရှင်ဘုရင်သည် သင်၏အလှကို လိုလားနှစ်သက်တော်မူလိမ့်မည်။ သူသည် သင်၏သခင်ဖြစ်သောကြောင့် သူ့ရှေ့၌ ပျပ်ဝပ်လော့။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုသူက ငါ့အား “အချင်းလူသား၊ မတ်တတ်ရပ်လော့။ သင့်ကို ငါစကားပြောမည်”ဟု ဆို၏။
သူက ငါ့အား “အို နှစ်သက်မြတ်နိုးခြင်းခံရသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားယူလော့၊ အားယူလော့”ဟု ဆိုလျှင် ငါသည် ခွန်အားပြည့်လာ၍ “အကျွန်ုပ်၏သခင်၊ အမိန့်ရှိတော်မူပါ။ သခင့်စကားကြောင့် အကျွန်ုပ်အားရှိသွားပါပြီ”ဟု ပြန်လျှောက်၏။
ထိုရက်သတ္တပတ်သုံးပတ်တိုင်တိုင် စားကောင်းသောက်ဖွယ်ကို မစား၊ အသားနှင့် စပျစ်ဝိုင်ကိုလည်း မသုံးဆောင်၊ ဆီကိုလည်း မလိမ်းဘဲ နေ၏။
ထိုအခါ သူတို့သည်တုန်လှုပ်လျက် မိန်းမောတွေဝေသဖြင့် သင်္ချိုင်းဂူထဲမှထွက်လာပြီးလျှင် ထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့သောကြောင့် မည်သူ့ကိုမျှ မည်သည့်အရာမျှမပြောကြချေ။
တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သည့် ယေရှုချစ်တော်မူသောသူသည် ကိုယ်တော်၏ရင်ခွင်တော်နားမှာ ထိုင်လျက်နေသဖြင့်
ပေတရုသည် လှည့်ကြည့်လိုက်ရာ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှလိုက်လာသည်ကို မြင်လေ၏။ ထိုတပည့်တော်သည် ယခင်ညစာစားစဉ်က ယေရှု၏ရင်ခွင်တော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကိုယ်တော်ကိုအပ်နှံမည့်သူသည် မည်သူနည်း”ဟု မေးလျှောက်ခဲ့သူလည်းဖြစ်၏။
သင်သည်ထ၍ သင့်ခြေဖြင့်မတ်တတ်ရပ်လော့။ ငါသည် သင့်ထံထင်ရှားသည်မှာ ငါ့ကိုသင်မြင်ရသည့်အကြောင်းနှင့် သင့်အား ငါထင်ရှားပြမည့်အရာများအတွက် သင့်ကို အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ သက်သေအဖြစ်လည်းကောင်း ခန့်ထားရန်ဖြစ်၏။
သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။