ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင်
ဒေသနာကျမ်း။ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ဆုတ်ဖြဲရသောအချိန်နှင့် ချုပ်လုပ်ရသောအချိန်ရှိ၏။ တိတ်တဆိတ်နေရသောအချိန်နှင့် စကားပြောရသောအချိန်ရှိ၏။ Common Language Bible အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။ Garrad Bible ဆုတ် ဖဲ့ ရန် အ ချိန် နှင့် ချုပ် စပ် ရန် အ ချိန်၊ တိတ် ဆိတ် ရန် အ ချိန် နှင့် ပြော ဆို ရန် အ ချိန်။ Judson Bible အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသောအချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။ |
ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင်
ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
ထိုအခါ ဒါဝိဒ်သည် မိမိဝတ်ထားသောအဝတ်ကို ဆွဲဆုတ်ပစ်၏။ သူ့နောက်လိုက်အပေါင်းတို့သည်လည်း ထိုနည်းတူ ပြုကြပြီးလျှင်
ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
ထိုအမျိုးသမီး၏စကားကို ကြားသောအခါ ရှင်ဘုရင်သည် မိမိအဝတ်ကို ဆွဲဆုတ်ပစ်၍ မြို့ရိုးပေါ်လျှောက်သွားတော်မူလျှင် ရှင်ဘုရင်၏ဝတ်လုံအောက် ကိုယ်ပေါ်တွင် လျှော်တေအဝတ်ဝတ်ထားသည်ကို လူတို့တွေ့မြင်ရလေ၏။
ကျွန်တော်မျိုးမနှင့်ကျွန်တော်မျိုးမ၏လူမျိုးတို့သည် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းခံရရန် ရောင်းစားခံလိုက်ရပါပြီ။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ရောင်းစားခံရလျှင် ဘာမျှမပြောဘဲနေပါမည်။ ဤဒုက္ခမျှလောက်နှင့်သာဆိုလျှင် အရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဘဲ နေပါမည်”ဟု လျှောက်တင်လေ၏။
သူတို့သည် ယောဘခံစားရသောဝေဒနာအလွန်ပြင်းထန်သည်ကို မြင်သဖြင့် မည်သူမျှစကားမပြောဘဲ သူနှင့်အတူမြေပေါ်တွင် ခုနစ်ရက်ခုနစ်ညထိုင်နေလေ၏။
ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။ ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။
ရှာဖွေရသောအချိန်နှင့် ဆုံးရှုံးရသောအချိန်ရှိ၏။ ထိန်းသိမ်းရသောအချိန်နှင့် လွှင့်ပစ်ရသောအချိန်ရှိ၏။
ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
ထိုစကားအလုံးစုံတို့ကိုကြားရသော ရှင်ဘုရင်နှင့် သူ၏အစေအပါးအားလုံးတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြ၊ အဝတ်ကိုမဆုတ်ကြ။
ငါတို့ အဘယ်ကြောင့်ထိုင်နေကြသနည်း။ အတူတကွစုဝေးလျက် ခံတပ်မြို့များထဲသို့ဝင်၍ သေကျေပျက်စီးကြကုန်စို့။ ထာဝရဘုရားကို ငါတို့ပြစ်မှားကြသောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို သေကျေပျက်စီးစေတော်မူပြီ။ အဆိပ်ရေကိုသောက်စေတော်မူပြီ။
သူ့အပေါ် ထမ်းပိုးကို တင်တော်မူသည်ဖြစ်၍ သူသည် တစ်ယောက်တည်း ငြိမ်ဝပ်စွာထိုင်နေစေ။
သင်တို့သည် အဝတ်ကိုမဆုတ်၊ နှလုံးသားကိုဆုတ်ပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသော၊ ဘေးအန္တရာယ်ကို လွှဲဖယ်ပေးတော်မူတတ်သောဘုရား ဖြစ်၏။
ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။
“ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
ရှောလုကလည်း သူ့ဘထွေးအား “မြည်းတို့ကိုပြန်တွေ့ပြီဟု အကျွန်ုပ်တို့အား တပ်အပ်ပြောပြခဲ့ပါသည်”ဟုသာ ပြောပြပြီး ဘုရင့်အရိုက်အရာနှင့်ပတ်သက်၍ ရှမွေလပြောသောအကြောင်းအရာကိုမူ မပြောပြဘဲနေ၏။