ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
ဒေသနာကျမ်း။ 3:12 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် အသက်ရှင်စဉ်တွင် ဝမ်းမြောက်လျက်၊ ကောင်းသောအမှုကိုပြုလျက်နေခြင်းမှတစ်ပါး သူတို့အတွက် အခြားကောင်းသောအရာမရှိကြောင်း ငါသိ၏။ Common Language Bible ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ၏။ Garrad Bible အ သက် ရှင် စဉ် တွင်၊ ကောင်း စား ခြင်း နှင့် ရွှင် လန်း ခြင်း ထက်၊ လူ တို့၌ ကောင်း သော အ ရာ မ ရှိ ကြောင်း ကို လည်း ကောင်း၊ Judson Bible ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ |
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
လူသားတို့သည် မိမိတို့၏အနည်းငယ်သော အသက်တာနေ့ရက်များ၌ မိုးကောင်းကင်အောက်တွင် မည်သည့်အရာပြုကောင်းသည်ကို ငါမြင်ရသည်အထိ ငါ့စိတ်နှလုံးကို ဉာဏ်ပညာဖြင့်ဦးဆောင်ရင်း မိုက်မဲသောအမှု၌ကျင်လည်၍ ငါ့ကိုယ်ခန္ဓာကိုစပျစ်ဝိုင်ဖြင့်အားတက်စေမည်ဟု ငါ့စိတ်နှလုံးထဲတွင် ငါကြံစည်၏။
သို့ဖြစ်၍ လူသည် မိမိပြုလုပ်သောအမှု၌ ဝမ်းမြောက်ခြင်းမှတစ်ပါး အခြားကောင်းသောအရာမရှိကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ထိုအရာသည် သူ၏ဝေစုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့နောက်တွင် ဖြစ်လာမည့်အရာကိုမြင်ရရန် မည်သူသည် သူ့ကိုခေါ်ဆောင်သွားနိုင်မည်နည်း။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
ကိုယ်တော်သည် ဝမ်းမြောက်သောစိတ်ဖြင့် ဖြောင့်မတ်စွာပြုကျင့်သောသူ၊ ကိုယ်တော်၏တရားလမ်းတော်ကိုအောက်မေ့သောသူတို့အား ကြိုဆိုလက်ခံတော်မူ၏။ သို့သော် အကျွန်ုပ်တို့အပြစ်ပြု၍ ကိုယ်တော်အမျက်ထွက်တော်မူ၏။ အဆက်မပြတ်အပြစ်ပြုသောအကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်လော။
သို့ဖြစ်၍ အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည် သင်တို့အတွက် စင်ကြယ်ကြလိမ့်မည်။
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
ထိုအရပ်တွင် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စားရမည်။ သင်တို့လုပ်ဆောင်လေရာရာ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသောကြောင့် သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားတို့သည် ဝမ်းမြောက်ကြရမည်။
သင်နှင့်သင်၏အိမ်သူအိမ်သားတို့အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ကောင်းမြတ်သောအရာရှိသမျှတို့အတွက် သင်မှစ၍ လေဝိအမျိုး၊ သင့်တွင်ရှိသောတိုင်းတစ်ပါးသားတို့အတူတကွ ဝမ်းမြောက်ရမည်။
ထာဝရဘုရားသည် သင့်ကိုကောင်းစားစေ၍ တိုးပွားစေရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင့်ကိုဖျက်ဆီး၍ သုတ်သင်ပယ်ရှင်းပစ်ရာ၌လည်း ထာဝရဘုရား ဝန်လေးတော်မူမည်မဟုတ်။ သင်သည် သင်ဝင်ရောက်သိမ်းပိုက်သည့်ပြည်ထဲမှ နုတ်ပယ်ခြင်းခံရလိမ့်မည်။
ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍