များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
ထွက်မြောက် 33:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေက “ကိုယ်တော်၏ဘုန်းအသရေတော်ကို အကျွန်ုပ်အား ပြတော်မူပါ”ဟု လျှောက်လေ၏။ Common Language Bible ထိုနောက်မောရှေက``ကိုယ်တော်၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ခွင့်ပေး တော်မူပါ'' ဟုတောင်းပန်လျှောက်ထား၏။ Garrad Bible ဘုန်း တော် ကို ပြ တော် မူ ပါ ဟု လျှောက် တောင်း ပြန် လျှင်၊ Judson Bible တစ်ဖန်တုံ၊ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အားပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟုလျှောက်လျှင်၊ |
များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အသက်ထက်သာ၍ကောင်းမြတ်သောကြောင့် အကျွန်ုပ်၏နှုတ်ခမ်းသည် ကိုယ်တော်ကိုထောမနာပြုပါမည်။
တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင်။
ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာရှိသောမျှော်လင့်ခြင်းကို စောင့်မျှော်ရန်လည်းကောင်း ဆုံးမသွန်သင်လျက်ရှိ၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။