ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။
ထွက်မြောက် 27:17 - မြန်မာ့စံမီသမ္မာကျမ်း ဝင်းပတ်ပတ်လည်ရှိတိုင်အားလုံးတို့၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်ရမည်။ တိုင်ချိတ်များကို ငွေဖြင့်လည်းကောင်း၊ တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း လုပ်ရမည်။ Common Language Bible တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။- Garrad Bible တံ တိုင်း ပတ် လည် တိုင် ရှိ သ မျှ ၌ ငွေ မှို၊ ငွေ ထိပ် ပတ်၊ ကြေး အောက် ခံ ခုံ၊ ရှိ စေ လော့။ Judson Bible ဝင်းပတ်လည်၌တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။ |
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။
ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍ ရက်လုပ်ထားသောပိတ်ချောထည်အကာနှင့် အောက်ခံကြေးနီအစွပ် တို့ပါရမည်။
ကျန်ငွေတစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်ငါးရှယ်ကယ်ဖြင့် တိုင်၏ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကိုလုပ်၍ တိုင်ထိပ်ကိုမွမ်းမံ၏။
ထိုကြေးနီဖြင့် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကြေးနီယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်အတွက် ကြေးနီမီးကျီးခံပြားကိုလည်းကောင်း၊ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊