အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 20:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူ​မ​သတ်​ရ​။

အခန်းကိုကြည့်ပါ။

Common Language Bible

``လူ့​အ​သက်​ကို​မ​သတ်​နှင့်။

အခန်းကိုကြည့်ပါ။

Garrad Bible

သူ့ အ သက် ကို မ သတ် နှင့်။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​အ​သက်​ကို မ​သတ်​နှင့်။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 20:13
32 ပူးပေါင်းရင်းမြစ်များ  

မနာရှေ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​အား ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​ကို​ပြု​၍​ပြစ်မှား​ရာ​ရောက်​စေ​ခဲ့​၏​။ ဂျေရုဆလင်​မြို့​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​အထိ အပြစ်ကင်း​သော​သူ​တို့​၏​အသက်​ကို​သတ်​သော​အပြစ်​များ​နှင့် များပြား​ပြည့်လျှံ​စေ​ခဲ့​၏​။


ယောရှ​မင်းကြီး​သည် ဇာခရိ​၏​ဖခင်​ယောယဒ​ပြ​ခဲ့​သော​မေတ္တာကရုဏာ​ကို​ပင် မ​အောက်မေ့​ဘဲ သား​ဖြစ်​သူ​ကို​သတ်​လေ​၏​။ ဇာခရိ​သည် သေ​လုဆဲဆဲ​တွင် “​ထာဝရဘုရား​သည် ဤ​အမှု​ကို မြင်​၍​စီရင်​တော်မူ​ပါစေ​”​ဟု ဆို​၏​။


လူ​ကို​သေ​အောင်​ရိုက်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


တစ်စုံတစ်ဦး​သည် မိမိ​၏​အိမ်နီးချင်း​ကို တမင်သက်သက်​ကြံစည်​သတ်ဖြတ်​လျှင် ထို​သူ​သည် သေဒဏ်​ခံ​ရန် ငါ​၏​ယဇ်ပလ္လင်​တော်​မှ​ပင်​ဖြစ်စေကာမူ သူ့​ကို​ဆွဲထုတ်​သွား​ရ​မည်​။


တစ်စုံတစ်ဦး​သည် မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​ကို တုတ်​ဖြင့်​ရိုက်နှက်​စဉ်တွင် ထို​ကျွန်​သေ​လျှင် ထို​သူ​သည် မုချ​အပြစ်ဒဏ်​ခံရ​မည်​။


ထို​နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း ပိုင်ရှင်​ကို​သတိပေး​သော်လည်း ထို​နွား​ကို​မ​ထိန်းသိမ်း​သဖြင့် လူ​ယောက်ျား​၊ သို့မဟုတ် လူ​မိန်းမ​ကို​ဝှေ့သတ်​လျှင် ထို​နွား​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ ပိုင်ရှင်​သည်​လည်း သေဒဏ်​ခံရ​မည်​။


ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု ငါ​စီရင်​မည်​မ​ဟုတ်​။ သို့ဖြစ်၍ မဟုတ်မမှန်​သော​အမှုအရာ​ကို ဝေးဝေးရှောင်​ရ​မည်​။ အပြစ်မဲ့​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ကို မ​သတ်​ရ​။


အကယ်၍ သူ​တို့​က “​ငါ​တို့​နှင့်အတူ​လိုက်​ခဲ့​လော့​။ တစ်စုံတစ်ယောက်​ကို​သတ်ဖြတ်​ရန် ငါ​တို့​ချောင်းမြောင်း​ကြ​စို့​။ အကြောင်းမရှိ​ဘဲ အပြစ်ကင်း​သော​သူ​ကို ပုန်းအောင်း​တိုက်ခိုက်​ကြ​စို့​။


ထို​သူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတ်ဖြတ်​ရန် ချောင်းမြောင်း​၍ ကိုယ့်​အသက်​ကို​ကိုယ် ပုန်းအောင်း​တိုက်ခိုက်​နေ​ကြ​ခြင်း​သာ​ဖြစ်​၏​။


အကြောင်းမူကား ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မြေကြီးသား​တို့​ကို အပြစ်​ဒဏ်ပေး​ရန် ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​၏​။ ထိုအခါ မြေကြီး​သည် မိမိ​၌ အသတ်​ခံရ​သော​သူ​တို့​ကို ထုတ်ပြ​မည်​။ သတ်​သော​သူ​တို့​ကို​လည်း ဝှက်ထား​မည်​မ​ဟုတ်​။


အကယ်စင်စစ် ဤ​စကား​အလုံးစုံ​ကို သင်​တို့​အား​ကြားပြော​ရန် ထာဝရဘုရား ငါ့​ကို​စေလွှတ်​တော်မူ​သည်​ဖြစ်၍ ငါ့​ကို​သတ်​လျှင် သင်​တို့​နှင့်တကွ ဤ​မြို့​နှင့်​မြို့သူမြို့သား​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​သင့်​လိမ့်မည်​ကို သိမှတ်​ကြ​လော့​”​ဟု ဆို​၏​။


မည်သူမဆို လူ့​အသက်​ကို သတ်​လျှင် ထို​သူ​သည် မုချ​အသတ်​ခံရ​မည်​။


သူတစ်ပါး​၏​တိရစ္ဆာန်​ကို​သတ်​သော​သူ​သည် အလျော်​ပြန်ပေး​ရ​မည်​။ လူ​ကို​သတ်​သော​သူ​မူကား ပြန်​၍​အသတ်​ခံရ​မည်​။


ထို​သူ​က​လည်း “မည်သည့်​ပညတ်တော်​များ​နည်း”​ဟု မေးလျှောက်​ပြန်​သော် ယေရှု​က“လူ​မ​သတ်​ရ။ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။


‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်မူ​၏။


‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့’​ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။


သို့သော် ပေါလု​က “သင့်ကိုယ်သင် အန္တရာယ်​မ​ပြု​နှင့်။ ငါ​တို့​အားလုံး ဤ​နေရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လေ​၏။


ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ၊ လူ​မ​သတ်​ရ၊ မ​ခိုးယူ​ရ၊ တပ်မက်​သော​စိတ်​မ​ရှိ​ရ”​ဟူသော​ပညတ်ချက်​များ​မှစ၍ အခြား​မည်သည့်​ပညတ်​ချက်​မဆို “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော ဤ​မိန့်​တော်မူ​ချက်​၌ ပေါင်းခြုံ​ထား​၏။


မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။


တစ်နည်းအားဖြင့် ပညတ်​တရား​သည် ဖြောင့်မတ်​သော​သူ​အတွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တရားမဲ့​သော​သူ​များ​နှင့်​နာခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘုရား​တရား​မဲ့​သော​သူ​များ​နှင့်​အပြစ်သား​များ၊ မ​သန့်ရှင်း​သော​သူ​များ​နှင့်​ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ​များ၊ ဖခင်​ကို​သတ်​သော​သူ​များ​နှင့်​မိခင်​ကို​သတ်​သော​သူ​များ၊ လူသတ်သမား​များ၊


အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ”​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။


အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။