Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 2:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ”​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 အ​ဘယ်​ကြောင့်​ဆို​သော်``သူ့​အိမ်​ရာ​ကို​မ​ပြစ် မှား​နှင့်'' ဟု​မိန့်​တော်​မူ​သော​အ​ရှင်​သည် ``သူ့ အ​သက်​ကို​မ​သတ်​နှင့်'' ဟု​လည်း​မိန့်​တော်​မူ သော​ကြောင့်​ဖြစ်​၏။ သင်​သည်​သူ့​အိမ်​ရာ​ကို မ​ပြစ်​မှား​ဘဲ​နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ တွင်​လူ့​အ​သက်​ကို​သတ်​ပါ​မူ​ပ​ညတ်​တော် ကို​ချိုး​ဖောက်​ရာ​ရောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ သို့ ဆို သော် သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့် ဟု မိန့် တော် မူ သော အ ရှင် က သူ့ အ သက် ကို မ သတ် နှင့် ဟူ၍ လည်း မိန့် တော် မူ သည့် အ လျောက် သင် သည် သူ့ သား အိမ် ရာ ကို မ ပြစ် မှား သော် လည်း သတ် မိ လျှင် တ ရား တော် ကို လွန် ကျူး သူ ဖြစ် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 “သူတစ်ပါး​သားမယား​ကို မပြစ်မှားနှင့်” ဟု ပညတ်တော်မူသော​အရှင်​က “လူ့​အသက်​ကို မသတ်နှင့်” ဟူ၍​လည်း ပညတ်တော်မူ​သေး၏။ ထို့ကြောင့် သင်​သည် သူတစ်ပါး​သားမယား​ကို မပြစ်မှား​သော်လည်း လူ့​အသက်​ကို သတ်​လျှင် ပညတ်တရား​ကို ချိုးဖောက်သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 2:11
11 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူထု​အပေါင်း​တို့​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​မိ​ပြီး လူအစုအဝေး​တို့​သည် ထို​အမှု​ကို အပြစ်​ဖြစ်​မှန်း​မသိမမြင်​သော်လည်း သူ​တို့​အပေါ်​အပြစ်​သက်ရောက်​၍


“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော​ပညတ်တော်​ထဲမှ ပညတ်ချက်​တစ်ခုခု​ကို တစ်စုံတစ်ယောက်​သည် မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​လျှင်​လည်းကောင်း​၊


ခေါင်းဆောင်​ဖြစ်​သူ​သည် ‘​မ​လုပ်​ရ​’​ဟု မိမိ​၏​ဘုရားသခင် ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍


ထို​သူ​က​လည်း “မည်သည့်​ပညတ်တော်​များ​နည်း”​ဟု မေးလျှောက်​ပြန်​သော် ယေရှု​က“လူ​မ​သတ်​ရ။ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။


‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်မူ​၏။


‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့’​ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ၊ လူ​မ​သတ်​ရ၊ မ​ခိုးယူ​ရ၊ တပ်မက်​သော​စိတ်​မ​ရှိ​ရ”​ဟူသော​ပညတ်ချက်​များ​မှစ၍ အခြား​မည်သည့်​ပညတ်​ချက်​မဆို “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော ဤ​မိန့်​တော်မူ​ချက်​၌ ပေါင်းခြုံ​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ