အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 6:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ

အခန်းကိုကြည့်ပါ။

Common Language Bible

``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​တို့​သည် သင်​တို့​အား`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က ဤ​ပ​ညတ်​ရှိ​သ​မျှ​ကို​အ​ဘယ် ကြောင့်​ပြ​ဋ္ဌာန်း​တော်​မူ​ရ​သ​နည်း' ဟူ​၍ မေး ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။

Garrad Bible

နောင် ၌ လည်း သင် တို့ သား များ က၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော သက် သေ ခံ ချက်၊ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် များ ကား၊ မည် သို့ ပါ နည်း ဟု မေး မြန်း ကြ သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 6:20
12 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​က သူ​တို့​လက်ထက် ရှေး​ကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို အကျွန်ုပ်​တို့​အား​ပြောပြ​ကြ​၍ အကျွန်ုပ်​တို့​၏​နား​ဖြင့် ကြား​ရ​ကြ​ပါ​၏​။


အီဂျစ်​လူမျိုး​တို့​ကို ငါ​အပြင်းအထန်​ဒဏ်ခတ်​ခဲ့​သော​အမှု​များ​၊ သူ​တို့​အား ငါ​ပြ​ခဲ့​သော နိမိတ်လက္ခဏာ​များ​ကို သင်​တို့​သည် သင်​တို့​၏​သား​မြေး​များ​အား ပြောကြား​၍ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိရှိ​စေရန် သူ​တို့​၏​စိတ်နှလုံး​ကို ငါ​ခိုင်မာ​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​၏​သားမြေး​များ​က ‘​ဤ​အစဉ်အလာ​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ


နောင်ကာလ​၌ သင်​တို့​၏​သား​များ​က ‘​ဤ​အမှု​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ သင်​တို့​က​လည်း ‘​ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။


သင်​တို့​သည် ထို​နေ့​၌ သင်​တို့​၏​သားမြေး​များ​အား ‘​အီဂျစ်​ပြည်​မှ ငါ​တို့​ထွက်လာ​သောအခါ ငါ​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သော​အမှု​ကြောင့် ဤသို့​ပြု​ခြင်း​ဖြစ်​၏​’​ဟူ၍ ကြားပြော​ရ​မည်​။


ကလေးသူငယ်​ကို​သွန်သင်​၍ သူ​သွား​ရ​မည့်​လမ်း​သို့​ဦးတည့်​ပေး​လော့​။ သို့ပြုလျှင် သူ​သည်​အသက်ကြီး​သောအခါ ထို​လမ်း​မှ​မ​ဖယ်ခွာ​ဘဲ​နေ​လိမ့်မည်​။


သင်​တို့​သတိပြု​ကြ​လော့​။ သင်​တို့​မျက်စိ​ဖြင့်​တွေ့မြင်​ခဲ့​ရ​သော​အမှုအရာ​များ​ကို သင်​တို့​မ​မေ့လျော့​စေရန်​နှင့် သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​စိတ်နှလုံး​လမ်း​မ​လွဲ​စေရန် သင်​တို့​၏​စိတ်​ကို​အထူး​စောင့်ထိန်း​လော့​။ သင်​တို့​၏​သား​မြေး​တို့​ကို​လည်း ပြောပြ​ကြ​လော့​။


ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ရန်သူ​အပေါင်း​တို့​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​မည်​။


သင်​တို့​က​လည်း သင်​တို့​၏​သားသမီး​များ​အား ‘​ငါ​တို့​သည် အီဂျစ်​ပြည်​၌ ဖာရော​မင်းကြီး​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏​။ သို့သော် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​၏​။


သင်​တို့​၏​သားသမီး​တို့​အား ကြိုးစားသွန်သင်​ရ​မည်​။ သင်​တို့​သည် အိမ်​၌​နေ​သည်​ဖြစ်စေ​၊ လမ်း​လျှောက်​နေ​သည်​ဖြစ်စေ​၊ အိပ်​နေ​သည်​ဖြစ်စေ​၊ ထ​လျက်​နေ​သည်​ဖြစ်စေ ပြောကြား​ရ​မည်​။