ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။
တောလည် 8:2 - မြန်မာ့စံမီသမ္မာကျမ်း “မီးခွက်များကို ထွန်းညှိသောအခါ မီးခွက်ခုနစ်လုံးသည် ဆီမီးခုံ၏ရှေ့ဘက်၌ လင်းနေရမည်ဟူ၍ အာရုန်အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ Common Language Bible ``အာရုန်သည်မီးခုံတိုင်တွင်မီးခွက်ခုနစ် လုံးကိုတင်သောအခါ မီးခွက်များမှအလင်း ရောင်သည်မီးခုံတိုင်ရှေ့သို့ထွက်စေရမည်'' ဟုမိန့်တော်မူ၏။- Judson Bible မီးခွက်များကိုထွန်းသောအခါ၊ မီးခွက်ခုနစ်လုံးတို့သည် မီးခုံတစ်ဖက်တစ်ချက်၌ ထွန်းလင်းရမည်ဟု၊ |
ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။
ဆီမီးခုံတွင် မီးခွက်ခုနစ်လုံး လုပ်ရမည်။ ဆီမီးခုံ၏ရှေ့ဘက်၌လင်းစေရန် ထိုမီးခွက်များကို ထွန်းညှိရမည်။
ဆီမီးခုံရှိ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးကျီးခံဗန်းတို့ကို ရွှေစင်ဖြင့် ထုလုပ်ထား၏။
ရွှေစင်ဆီမီးခုံ၊ ဆီမီးခုံပေါ် တစ်တန်းတည်းရှိနေသောမီးခွက်များ၊ ဆီမီးခုံ၏တန်ဆာပလာရှိသမျှနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ရွှေစင်ဆီမီးခုံပေါ်တွင် အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်သည် ဆီမီးခုံ၏မီးခွက်များကို ဆီမီးခုံ၏အရှေ့ဘက်သို့ လှည့်ထားလေ၏။
သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ပေါ်၌တည်ရှိသောမြို့ကို ကွယ်ဝှက်၍မရနိုင်။
စစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူအပေါင်းတို့အား အလင်းကိုပေးသောအရှင်ဖြစ်၏။
ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။
ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်
ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။
ပလ္လင်တော်အထဲမှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လေ၏။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်သော မီးခွက်ခုနစ်လုံးသည်လည်း ပလ္လင်တော်ရှေ့၌ တောက်လောင်လျက်ရှိ၏။