သို့သော် ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းကလေးရှိသမျှတို့ကို သင်တို့အဖို့ အသက်ချမ်းသာခွင့်ပေးလော့။
မိန်းကလေးများနှင့်အပျိုကညာများကို သင်တို့အသက်ချမ်းသာပေးကြလော့။-
ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းမငယ်အပေါင်းတို့ကို၊ မိမိတို့အဖို့ အသက်ချမ်းသာပေးကြလော့။
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။
သင်ပိုင်သော ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့သည် သင်တို့ဝန်းကျင်၌ရှိသောလူမျိုးခြားတို့ထဲမှဖြစ်ရမည်။ ထိုသူတို့ထဲမှ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သင်တို့ ဝယ်ယူရမည်။
ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
သင်တို့မူကား ခုနစ်ရက်ပတ်လုံး တပ်စခန်းအပြင်ဘက်၌ နေရမည်။ လူကိုသတ်ခဲ့သောသူ၊ လူအသေကောင်ကိုထိသောသူ မည်သူမဆို တတိယနေ့၊ သတ္တမနေ့၌ သုံ့ပန်းများနှင့်အတူ မိမိကိုယ်မိမိ သန့်စင်စေရမည်။
သို့သော် မိန်းမ၊ ကလေး၊ တိရစ္ဆာန်များမှစ၍ ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို သင်တို့သိမ်းယူရမည်။ သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော ရန်သူတို့ထံမှတိုက်ယူသောပစ္စည်းများကို သင်တို့ပိုင်ဆိုင်ခွင့်ရှိ၏။