အစ္စရေးအမျိုးသားတို့သည် ခရီးပြုကြပြန်ရာ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်၌ စခန်းချကြ၏။
တောလည် 31:12 - မြန်မာ့စံမီသမ္မာကျမ်း သုံ့ပန်းများ၊ တိုက်ခိုက်သိမ်းယူသောပစ္စည်းများကို ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တပ်စခန်းရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် အစ္စရေးအမျိုးသားလူထုတို့ထံသို့ ယူဆောင်လာကြ၏။ Common Language Bible ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်တွင် စခန်းချလျက်ရှိသော မောရှေ၊ ဧလာဇာနှင့်ဣသရေလအမျိုး သားတို့ထံယူဆောင်ခဲ့ကြလေသည်။ Judson Bible မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။ |
အစ္စရေးအမျိုးသားတို့သည် ခရီးပြုကြပြန်ရာ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်၌ စခန်းချကြ၏။
မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုခေါင်းဆောင်အပေါင်းတို့သည် သူတို့ကိုကြိုဆိုရန် တပ်စခန်းအပြင်ဘက်သို့ ထွက်လာကြ၏။
အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။
ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။