နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ ဗာလက်မင်းကြီး၏မှူးမတ်တို့အား “သင်တို့ပြည်သို့ ပြန်သွားကြလော့။ သင်တို့နှင့်အတူလိုက်သွားရန် ထာဝရဘုရားသည် ငါ့အား အခွင့်ပေးတော်မမူ”ဟု ဆို၏။
တောလည် 24:1 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကောင်းချီးပေးရန် အလိုတော်ရှိကြောင်း ဗာလမ်သိမြင်သောအခါ ယခင်ကဲ့သို့ မှော်အတတ်ကိုမသုံးတော့ဘဲ တောကန္တာရဘက်သို့လှည့်၍ Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ကို ကောင်းချီးပေးစေလိုကြောင်းသိမြင်သော အခါ ဗာလမ်သည်ယခင်ကကဲ့သို့ထာဝရ ဘုရားထံမှ ဗျာဒိတ်ရူပါရုံခံယူရန်မကြိုး စားတော့ချေ။ သူသည်တောကန္တာရဘက်သို့ လှည့်ကြည့်ရာ၊- Garrad Bible ဗာ လမ် သည်၊ ဣ သ ရေ လ အ မျိုး ကို မင်္ဂ လာ ပေး ရန် ထာ ဝ ရ ဘု ရား အ လို ရှိ တော် မူ ကြောင်း သိ လျှင် ယ မန် ကာ လ များ ကဲ့ သို့ ယ တြာ ကို မ လိုက် မ ရှာ ဘဲ၊ Judson Bible ထာဝရဘုရားသည်၊ ဣသရေလအမျိုးကို ကောင်းချီးပေးခြင်းငှာ အလိုရှိတော်မူကြောင်းကို ဗာလမ်သိမြင်လျှင်၊ ထူးဆန်းသောအတတ်ကိုရှာခြင်းငှာ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့မျက်နှာပြုလေ၏။ |
နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ ဗာလက်မင်းကြီး၏မှူးမတ်တို့အား “သင်တို့ပြည်သို့ ပြန်သွားကြလော့။ သင်တို့နှင့်အတူလိုက်သွားရန် ထာဝရဘုရားသည် ငါ့အား အခွင့်ပေးတော်မမူ”ဟု ဆို၏။
မောဘလူမျိုးသက်ကြီးဝါကြီးတို့နှင့် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့သည်လည်း ဉာဏ်ပူဇော်ခကိုယူလျက် ထွက်သွားကြ၏။ ဗာလမ်ထံသို့ရောက်သောအခါ ဗာလက်မင်းကြီး၏စကားတို့ကို ဗာလမ်အား ပြောကြားကြ၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၊ ဤနေရာ၌ သင်ရပ်နေလော့။ ငါသည် ထိုနေရာသို့သွား၍ ထာဝရဘုရားနှင့်တွေ့ဆုံမည်”ဟု ဆို၏။
ကောင်းချီးပေးမည့်အကြောင်း အမိန့်တော်ကို ငါခံရပြီ။ ကိုယ်တော်သည် ကောင်းချီးပေးတော်မူသည်ဖြစ်၍ ထိုကောင်းချီးကို ငါမပြောင်းလဲနိုင်။
ယာကုပ်အမျိုးကို မှော်အတတ်ဖြင့်မပြုစားနိုင်။ အစ္စရေးလူမျိုးကို ဂမ္ဘီရပညာဖြင့်မလှည့်ဖြားနိုင်။ ယခုတွင် ‘ဘုရားသခင် မည်သို့ပြုတော်မူပါသနည်း’ဟူ၍ ယာကုပ်အမျိုး၊ အစ္စရေးလူမျိုးကိုရည်ဆောင်၍ ပြောဆိုရလိမ့်မည်။
ထို့နောက် ဗာလက်မင်းကြီးသည် ဗာလမ်ကို ကန္တာရမြေကိုစီးမြင်ရသော ပေဂုရတောင်ထိပ်သို့ခေါ်သွား၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၌ သင်ရပ်နေလော့။ ငါတစ်နေရာသို့သွားမည်။ ထာဝရဘုရားသည် ငါနှင့်လာတွေ့ကောင်းလာတွေ့တော်မူမည်။ ငါ့အား ထာဝရဘုရားဖော်ပြသော မည်သည့်အရာမဆို သင့်အား ငါကြားပြောမည်”ဟု ဆိုပြီးနောက် တောင်ကုန်းပေါ်သို့ တက်သွားရာ
ဗာလက်မင်းကြီးသည် ဗာလမ်ပြောသည့်အတိုင်းပြု၍ ယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။
ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်၍ အစ္စရေးနိုင်ငံသည် သင့်လက်၌ တည်မည်ကို ငါသိပြီ။
ထိုအခါ ရှောလုမင်းကြီးသည် ထ၍ ဇိဖတောကန္တာရသို့ ဆင်းသွား၏။ သူနှင့်အတူ ရွေးချယ်ထားသောအစ္စရေးတပ်သားသုံးထောင်တို့သည်လည်း ဒါဝိဒ်ကို လိုက်ရှာရန် ဇိဖတောကန္တာရသို့ လိုက်သွားကြ၏။
ရှောလုမင်းကြီးကလည်း ဒါဝိဒ်အား “ငါ့သားဒါဝိဒ်၊ သင်သည် ကောင်းချီးမင်္ဂလာခံစားရပါစေသော။ အကယ်စင်စစ် သင်သည် ပြုလေရာရာ၌ အောင်မြင်လိမ့်မည်”ဟု အော်ပြောပြီးလျှင် ဒါဝိဒ်သည် ပြန်သွားပြီး ရှောလုမင်းကြီးလည်း သူ၏နေရပ်သို့ ပြန်သွားလေ၏။