မြို့ရိုးကိုလက်စသတ်ပြီးသောအခါ ငါသည် တံခါးများကို တပ်ဆင်၍ တံခါးစောင့်များ၊ သီချင်းသည်များ၊ လေဝိအမျိုးများကို တာဝန်ခွဲဝေခန့်အပ်လေ၏။
တောလည် 21:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကဗျာဆရာတို့က “ဟေရှဘုန်မြို့သို့လာကြ။ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ကို တည်ဆောက်ကြ၊ ပြုပြင်ကြ။ Common Language Bible သို့ဖြစ်၍ကဗျာဆရာတို့က၊ ``ရှိဟုန်ဘုရင်၏မြို့တော်ဟေရှဘုန်မြို့သို့ လာကြလော့။ ငါတို့သည်ထိုမြို့ကိုအသစ်တစ်ဖန်တည်ကြ ကုန်စို့။ Garrad Bible သို့ နှင့် အ ညီ ပြက် ရယ် တေး ဖွဲ့ ဆို သူ က ရှိ ဟုန် မင်း မြို့ တော်၊ ဟေ ရှ ဘုန် မြို့ သို့ လာ၍ ပြု ပြင် တည် ထောင် ကြ လော့။ Judson Bible ထိုအကြောင်းကိုရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့သွား၍ တစ်ဖန်တည်ကြစို့။ ရှိဟုန်ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။ |
မြို့ရိုးကိုလက်စသတ်ပြီးသောအခါ ငါသည် တံခါးများကို တပ်ဆင်၍ တံခါးစောင့်များ၊ သီချင်းသည်များ၊ လေဝိအမျိုးများကို တာဝန်ခွဲဝေခန့်အပ်လေ၏။
သင်သည် ဘေဘီလုံဘုရင်အား “ညှဉ်းဆဲတတ်သောသူသည် အဆုံးသတ်လေပြီတကား။ သူ၏ဒေါသမီးသည်လည်း ချုပ်ငြိမ်းလေပြီတကား”ဟု ပြောင်လှောင်သောစကားကိုဆိုလိမ့်မည်။
လူအပေါင်းတို့သည် သူ့ကို ပြောင်လှောင်ကြမည်မဟုတ်လော။ စကားထာဖွဲ့၍ သရော်ကြမည်မဟုတ်လော။ သူတို့က ‘ကိုယ်မပိုင်သောအရာကို သိမ်းယူသောသူ၊ အပေါင်ခံပစ္စည်းများဖြင့် ချမ်းသာအောင် လုပ်သောသူသည် အမင်္ဂလာရှိ၏။ မည်သည့်အချိန်ထိ ဤသို့ပြုမည်နည်း’ဟု ဆိုကြလိမ့်မည်။
သို့ဖြစ်၍ ထာဝရဘုရား၏စစ်ပွဲများ ဟူသောစာအုပ်တွင် “သုပအရပ်ရှိ ဝါဟက်မြို့၊ အာနုန်ချောင်းများ၊
ဟေရှဘုန်မြို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး စံမြန်းရာမြို့ဖြစ်၏။ ရှိဟုန်မင်းကြီးသည် ယခင်မောဘဘုရင်ကိုတိုက်ခိုက်၍ အာနုန်ချောင်းတိုင်အောင် ထိုရှင်ဘုရင်၏လက်ထဲမှပြည်တစ်ပြည်လုံးကို သိမ်းယူခဲ့၏။
ဟေရှဘုန်မြို့ထဲမှမီး၊ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ထဲမှမီးလျှံထွက်လာပြီး မောဘပြည်ရှိအာရမြို့၊ အာနုန်ချောင်းရှိအထွတ်အမြတ်ထားရာနေရာတို့မှ အရှင်သခင်တို့ကို လောင်ကျွမ်းလေပြီ။