သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
တောလည် 18:27 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အလှူပစ္စည်းကို ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူမည်။ Common Language Bible ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။- Garrad Bible ထို အ လှူ ကို ကောက် နယ် တ လင်း စ ပါး၊ ဖိ နင်း ရာ ကျင်း စ ပျစ် ရည် အ လှူ များ နည်း တူ မှတ် ယူ မည်။ Judson Bible ထိုပူဇော်သကာကို၊ ကောက်နယ်တလင်းထဲကယူသော ဆန်စပါးကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းထဲကယူသော စပျစ်ရည်ကဲ့သို့လည်းကောင်း၊ သင်တို့အဖို့မှတ်ရလိမ့်မည်။ |
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။
“လေဝိအမျိုးတို့အား ဆင့်ဆိုလော့။ သင်တို့၏အမွေအဖြစ် ငါပေးသော အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့ကို သင်တို့ခံယူသောအခါ ထိုဆယ်ဖို့တစ်ဖို့၏ဆယ်ဖို့တစ်ဖို့ကို အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။
ထိုသို့ အစ္စရေးအမျိုးသားတို့ထံမှ သင်တို့ခံယူရရှိသောဆယ်ဖို့တစ်ဖို့အားလုံးထဲမှ အလှူပစ္စည်းကို ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။ ထိုဆယ်ဖို့တစ်ဖို့ထဲမှ ထာဝရဘုရားအား ပေးလှူပူဇော်သော အလှူပစ္စည်းကို ယဇ်ပုရောဟိတ်အာရုန်အား သင်တို့ပေးရမည်။
လေဝိအမျိုးသားတို့အား ပြောလော့။ ဆယ်ဖို့တစ်ဖို့ထဲမှ အကောင်းဆုံးအရာကို ပေးလှူသောအခါ ကောက်နယ်တလင်းမှ အသီးအနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူရမည်။
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား ကောင်းချီးပေးတော်မူသည့်အလျောက် သင်၏သိုးဆိတ်၊ ကောက်နယ်တလင်းမှကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကို သူ့အား ရက်ရောစွာမစပေးကမ်းရမည်။