တောလည် 11:26 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဧလဒဒ်နှင့် မေဒဒ် အမည်ရှိသောသူနှစ်ယောက်သည် လူခုနစ်ဆယ်ထဲတွင်စာရင်းဝင်သော်လည်း သူတို့သည် တဲတော်သို့မသွားဘဲ တပ်စခန်း၌ ကျန်နေခဲ့၏။ ဝိညာဉ်တော်သည် သူတို့၌လည်း ကိန်းဝပ်တော်မူသဖြင့် သူတို့သည် တပ်စခန်းထဲ၌ ပရောဖက်ပြုဟောပြောကြ၏။ Common Language Bible ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။- Garrad Bible စာ ရင်း ဝင် သူ ဖြစ် လျက် တဲ တော် သို့ မ သွား ဘဲ တပ် စ ခန်း အ တွင်း နေ ရစ် သော ဧ လ ဒဒ်၊ မေ ဒဒ် အ မည် ရှိ သူ နှစ် ယောက် တို့ အ ပေါ် တွင် လည်း ဉာဏ် ဝိ ညာဉ် သက် ရောက် သ ဖြင့် တပ် စ ခန်း အ တွင်း ဟော ပြော ကြ သည် ဖြစ် ၍၊ Judson Bible ထိုလူစု၌ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာနေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်းပရောဖက်ပြု၍ တပ်ထဲမှာဟောကြ၏။ |
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
သို့သော် မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် မည်သို့သောသူဖြစ်၍ ဖာရောမင်းကြီးထံသွားပြီး အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာရမည်နည်း”ဟု လျှောက်လေ၏။
ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။
ထို့နောက် ယေရမိက ဗာရုတ်အား “ငါအချုပ်ခံနေရသဖြင့် ထာဝရဘုရား၏အိမ်တော်သို့ မသွားနိုင်။
လူငယ်တစ်ယောက်သည် ပြေးလာ၍ “ဧလဒဒ်နှင့် မေဒဒ်သည် တပ်စခန်းထဲ၌ ပရောဖက်ပြုဟောပြောနေပါသည်”ဟု မောရှေအား ပြောပြလေ၏။
မျှော်ကြည့်ရာ မျိုးနွယ်အလိုက် စခန်းချနေသောအစ္စရေးလူမျိုးတို့ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့သက်ရောက်တော်မူ၍
ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်သို့ တစ်မုဟုတ်ချင်းဆင်းသက်၍ သူတို့နှင့်အတူ ပရောဖက်ပြုပြီး လူသစ်တစ်ယောက်အဖြစ်ပြောင်းသွားလိမ့်မည်။
ထိုနေ့တွင် ရှောလုမင်းကြီးက “ဒါဝိဒ်သည် တစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်၍ဖြစ်မည်။ စင်စစ် သူမစင်မကြယ်ဖြစ်၍ မလာခြင်းဖြစ်မည်”ဟု တွေး၍ မည်သို့မျှမပြောပေ။