သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
တမန်တော်ဝတ္ထု 9:8 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။ Common Language Bible ရှောလုသည်မြေပေါ်မှထ၍မျက်စိကိုဖွင့် လိုက်သောအခါ အဘယ်အရာကိုမျှမမြင် ရတော့ချေ။ သို့ဖြစ်၍ထိုသူတို့သည်သူ့ လက်ကိုဆွဲ၍ဒမာသက်မြို့ထဲသို့ခေါ် ဆောင်သွားကြ၏။- Garrad Bible ရှော လု လည်း လဲ ရာ မှ ထ၍ မျက် စိ ဖွင့် ကြည့် သော် မည် သည် ကို မျှ မ မြင် ရ သ ဖြင့် ဒ မာ သက် မြို့ တွင်း သို့ လက် ဆွဲ လျက် ခေါ် လာ ကြ ပြီး နောက်၊ Judson Bible ရှောလုသည်လည်း မြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှ မမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှောလုသည် မြေပြင်မှထ၍ မျက်စိကို ဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရပေ။ ထို့ကြောင့် ထိုသူတို့က သူ့အား တွဲခေါ်၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ထို့နောက် အိမ်တံခါးဝရှိ လူကြီးလူငယ်တို့ကို မျက်စိကွယ်စေရန် ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာရ၍ မောပန်းကြ၏။
ထာဝရဘုရားက မောရှေအား “လူ၏နှုတ်ကို မည်သူဖန်ဆင်းသနည်း။ ဆွံ့အသောသူ၊ နားမကြားသောသူ၊ မျက်စိမြင်သောသူ၊ မျက်စိမမြင်သောသူတို့ကို မည်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။
ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
အကျွန်ုပ်သည် ထိုအလင်း၏ရောင်ခြည်အရှိန်ကြောင့် မျက်စိမမြင်တော့သဖြင့် အတူရှိနေသောသူတို့က အကျွန်ုပ်ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြပါသည်။
ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး
ဒမတ်စကပ်မြို့တွင် အရေတမင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကိုဖမ်းဆီးရန်အတွက် ဒမတ်စကပ်မြို့ကို ပိတ်ဆို့စောင့်ကြပ်ထားခဲ့၏။
ငါ့ထက်အလျင်ဦးစွာ တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားဘဲ အာရေဗျပြည်သို့ ချက်ချင်းထွက်ခွာသွားပြီးလျှင် ဒမတ်စကပ်မြို့သို့ တစ်ဖန်ပြန်လာခဲ့၏။