ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။
တမန်တော်ဝတ္ထု 8:34 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော၊ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။ Common Language Bible ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။- Garrad Bible ထို အ ခါ မိန်း မ စိုး က ပ ရော ဖက် သည် မည် သူ့ ကို ရည် ဆောင်၍ ဆို ပါ သ နည်း။ သူ့ ကိုယ် ကို လော။ အ ခြား သူ ကို လော ပြော ပါ ဟု လျှောက် သော်၊ Judson Bible ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတစ်ပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမတ်က ဖိလိပ္ပုအား “ပရောဖက်ဟေရှာယသည် မည်သူ့အကြောင်းကို ပြောဆိုနေပါသနည်း။ မိမိအကြောင်းကိုလော။ သို့မဟုတ် အခြားတစ်ယောက်အကြောင်းကိုလော။ ကျွန်ုပ်အားပြောပြပါ” ဟု မေးလေ၏။ |
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင်
ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး
သူသည်နှိမ့်ချခြင်းခံရစဉ်၌ သူ့အတွက် တရားသဖြင့်စီရင်ပေးခြင်းမရှိကြ။ သူ၏အသက်သည် မြေကြီးပေါ်မှ နုတ်ယူခြင်းခံရသည်ဖြစ်၍ သူ၏မျိုးဆက်ကို မည်သူပြောပြနိုင်မည်နည်း”ဟူ၍ ဖြစ်၏။
ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။