အကြောင်းမူကား သားသည် ဖခင်ကို အသရေဖျက်၏။ သမီးသည် မိခင်ကို ဆန့်ကျင်၏။ ချွေးမသည် ယောက္ခမကို ဆန့်ကျင်၏။ ကိုယ့်အိမ်သားသည် ကိုယ့်ရန်သူဖြစ်နေ၏။
တမန်တော်ဝတ္ထု 14:4 - မြန်မာ့စံမီသမ္မာကျမ်း မြို့သူမြို့သားတို့သည် နှစ်စုကွဲ၍ အချို့တို့သည် ဂျူးလူမျိုးတို့ဘက်၌ပါကြပြီး အချို့တို့သည် တမန်တော်တို့ဘက်၌ပါကြ၏။ Common Language Bible မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။ Garrad Bible သို့ နှင့် အ ညီ ထို မြို့ သူ မြို့ သား တို့ သည် နှစ် စု ကွဲ၍ ယု ဒ လူ မျိုး တို့ ဘက် တစ် စု၊ တ မန် တော် တို့ ဘက် တစ် စု နေ ကြ၏။ Judson Bible ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌လည်းကောင်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌လည်းကောင်း နေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲကာ တချို့မှာ ဂျူးတို့ဘက်ပါ၍ တချို့မှာ တမန်တော်တို့ဘက်ပါကြ၏။ |
အကြောင်းမူကား သားသည် ဖခင်ကို အသရေဖျက်၏။ သမီးသည် မိခင်ကို ဆန့်ကျင်၏။ ချွေးမသည် ယောက္ခမကို ဆန့်ကျင်၏။ ကိုယ့်အိမ်သားသည် ကိုယ့်ရန်သူဖြစ်နေ၏။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
သို့သော် ဂျူးလူမျိုးတို့သည် ထိုလူအစုအဝေးကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်၍ ပေါလုဟောပြောသောအကြောင်းအရာများကို ဆန့်ကျင်လျက် စော်ကားပြောဆိုကြ၏။
သို့သော် ဂျူးလူမျိုးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို တိုက်တွန်း၍ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေရန် သွေးထိုးလှုံ့ဆော်ကာ သူတို့ကို မိမိတို့၏အရပ်ဒေသမှ နှင်ထုတ်ကြ၏။
တမန်တော်ဗာနဗနှင့်ပေါလုတို့သည် ထိုအကြောင်းကိုကြားလျှင် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲ၍ လူထုပရိသတ်အလယ်သို့ပြေးသွားကာ
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
လူမျိုးခြားများနှင့်ဂျူးလူမျိုးတို့သည် သူတို့၏အကြီးအကဲများနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ခဲနှင့်ပေါက်သတ်ရန် ကြံစည်အားထုတ်ကြသောအခါ
သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။
အချို့တို့သည် သူဟောပြောသောအရာများကို လက်ခံကြသော်လည်း အချို့တို့သည် မယုံကြည်ကြချေ။
ငါတို့သည် ကေဖနှင့် သခင်ဘုရား၏ညီတော်များမှစ၍ အခြားသောတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သောဇနီးသည်ကို ခရီးသွားရာ၌ ခေါ်ဆောင်ခွင့်မရှိကြသလော။
ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေရှု၌တည်သော ယုဒပြည်ရှိ ဘုရားသခင်၏အသင်းတော်များကို အတုယူသူများဖြစ်ကြပြီ။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးတို့လက်တွင် ဒုက္ခဝေဒနာခံစားကြရသကဲ့သို့ သင်တို့သည်လည်း မိမိတို့၏အမျိုးသားချင်းများလက်တွင် အလားတူခံစားကြရ၏။