သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အား ယဇ်ပူဇော်ခြင်းမပြုကြရန် လူထုပရိသတ်များကို ခဲယဉ်းစွာတားမြစ်ရ၏။
ဤသို့တမန်တော်တို့ကြွေးကြော်ကြသော် လည်း လူတို့ယဇ်ပူဇော်ရန်ကြိုးစားမှုကိုမူ ဆီးတား၍မရချေ။
ထို သို့ ပြော ဆို လျက် ပူ ဇော် လို သော လူ ပ ရိ သတ် ကို တား ဆီး မိ ရုံ မျှ ရောက် ရ ကြ၏။
ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။-
သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အားယဇ်မပူဇော်ရန် လူထုကို ခက်ခဲစွာ တားမြစ်ကြရ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့အားလုံးသည် လူမျိုးတစ်မျိုးတည်း၊ ဘာသာစကားတစ်မျိုးတည်းဖြစ်သဖြင့် ဤအမှုကိုစတင်ပြုကြပြီ။ ယခု သူတို့ပြုလုပ်ရန်ကြံစည်သမျှတို့တွင် သူတို့အတွက် မဖြစ်နိုင်သောအရာ တစ်စုံတစ်ခုမျှရှိလိမ့်မည်မဟုတ်။
ထိုသူတို့ကလည်း “ဘေးဖယ်လော့”ဟု ဆိုကြပြီးလျှင် “ဤသူသည် ဧည့်သည်အဖြစ်လာရောက်နေထိုင်သူဖြစ်လျက်နှင့် တရားသူကြီးအလွန်လုပ်သည်တကား။ ယခု သင့်ကို ထိုသူတို့ထက် ဆိုးရွားစွာပြုမည်”ဟု ပြောဆိုကြ၏။ ထို့နောက် သူတို့သည် လောတကို ကြမ်းတမ်းစွာတွန်း၍ တံခါးကိုချိုးဖျက်ရန် ချဉ်းကပ်လာကြ၏။
အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
လူတို့သည်လာ၍ မိမိကိုအတင်းခေါ်ဆောင်သွားပြီး မင်းမြှောက်ရန် ကြံရွယ်နေကြသည်ကို ယေရှုသိတော်မူသဖြင့် တစ်ဖန် တောင်ပေါ်သို့ တစ်ကိုယ်တည်းထွက်သွားတော်မူ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။