လူမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာသီချင်းဆိုကြပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို မျှတစွာတရားစီရင်၍ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့ကို ဦးဆောင်လမ်းပြတော်မူ၏။(စေလာ)
ဆာလံ 98:9 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။ Garrad Bible မြေ ကြီး သား တို့ အား စီ ရင် ဆုံး ဖြတ် ရန် ကြွ လာ တော် မူ မည့် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ပြု ကြ စေ။ ကိုယ် တော် သည် လော က ကို ဖြောင့် မတ် ခြင်း နှင့်လည်း ကောင်း၊ လူ အ မျိုး မျိုး ကို မျှ တ ခြင်း နှင့်လည်း ကောင်း၊ စီ ရင် ဆုံး ဖြတ် တော် မူ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။ |
လူမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာသီချင်းဆိုကြပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို မျှတစွာတရားစီရင်၍ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့ကို ဦးဆောင်လမ်းပြတော်မူ၏။(စေလာ)
ဆိုးယုတ်သောသူတို့၏မကောင်းမှုသည် ပပျောက်သွားပါစေ။ သို့သော် ဖြောင့်မတ်သောသူကိုတည်မြဲစေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည် စိတ်နှလုံးအတွင်းသဘောကို စစ်ဆေးတော်မူ၏။
ထိုမင်းသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ အဖိနှိပ်ခံရသော ကိုယ်တော်၏လူတို့ကို တရားမျှတခြင်းဖြင့်လည်းကောင်း စစ်ကြောစီရင်ပါစေသော။
ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
“ထာဝရဘုရားသည် စိုးစံတော်မူ၏”ဟု လူမျိုးတကာတို့အလယ်၌ ပြောဆိုကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် တည်ထားတော်မူ၏။ ကိုယ်တော်သည် လူတို့ကို သမာသမတ်ရှိစွာ စစ်ကြောစီရင်တော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူ၏။ ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကိုယ်တော်ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို မိမိ၏သစ္စာတော်ဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။