သူတို့အမျိုးအနွယ်သည် ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ကြပြီး လာမည့်မျိုးဆက်အား ဘုရားရှင်အကြောင်းကိုပြောကြားလိမ့်မည်။
ဆာလံ 87:6 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းသွင်းသောအခါ “ဤသူသည် ထိုမြို့၌ မွေးဖွား၏”ဟု ရေးမှတ်တော်မူလိမ့်မည်။(စေလာ) Common Language Bible ထာဝရဘုရားသည်လူမျိုးတို့ကိုစာရင်း ပြုစုတော်မူလိမ့်မည်။ ယင်းစာရင်းတွင်ပါရှိသောသူအပေါင်း တို့ကို ယေရုရှလင်မြို့သားများအဖြစ်ဖြင့်ထည့်သွင်း ရေးမှတ်တော်မူလိမ့်မည်။ Garrad Bible ထာ ဝ ရ ဘု ရား က၊ ဤ လူ မျိုး ကို မြို့ တော် ဖွား ဟု၊ လူ မျိုး တို့ စာ ရင်း သွင်း တော် မူ လိမ့် မည်။ Judson Bible ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော်မူသောအခါ၊ ဤမည်သောအမျိုးသည် မြို့တော်၌ ဖွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။ |
သူတို့အမျိုးအနွယ်သည် ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ကြပြီး လာမည့်မျိုးဆက်အား ဘုရားရှင်အကြောင်းကိုပြောကြားလိမ့်မည်။
သူတို့သည် အသက်စာစောင်မှ ပယ်ဖျက်ခြင်းခံရ၍ ဖြောင့်မတ်သောသူတို့ထဲတွင် စာရင်းဝင်ခြင်းမရှိပါစေနှင့်။
ဇိအုန်တောင်၌ကြွင်းကျန်သောသူ၊ ဂျေရုဆလင်မြို့၌ကျန်ရစ်သောသူ စသည့် ဂျေရုဆလင်မြို့တွင်အသက်ရှင်သောသူတို့စာရင်း၌ ရေးမှတ်ထားသောသူအားလုံးသည် သန့်ရှင်းသူဟု ခေါ်ဝေါ်ခြင်းခံကြရလိမ့်မည်။
သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့”ဟု မိန့်တော်မူ၏။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။