အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။
ဆာလံ 59:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် နေဝင်ချိန်၌ပြန်လာ၍ ခွေးကဲ့သို့ မာန်ဖီဟိန်းဟောက်လျက် မြို့ကိုလှည့်ပတ်ကြပါ၏။ Common Language Bible သူတို့သည်မြို့ထဲသို့ညဦးယံ၌ ပြန်လာ၍ခွေးများကဲ့သို့မာန်ဖီကာလှည့် လည် သွားလာကြပါ၏။ Garrad Bible သူ တို့ သည် ညဉ့် ဦး ယံ၌၊ ခွေး ကဲ့ သို့ ဟိန်း တုံ့ ဟိန်း လျက်၊ မြို့ ကို လှည့် လှည် တတ် ကြ ၏။ Judson Bible သူတို့သည် ညဉ့်ဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။ |
အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။
အမှန်စင်စစ် ခွေးများသည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဆိုးညစ်သောအမှုကိုပြုသောလူတစ်စုသည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေနှင့်အကျွန်ုပ်၏လက်ကို ထိုးဖောက်ကြပါ၏။
သူတို့သည် နေဝင်ချိန်၌ပြန်လာလျက် ခွေးကဲ့သို့မာန်ဖီဟိန်းဟောက်ကာ မြို့အနှံ့လှည့်လည်ကြပါ၏။
ရှောလုမင်းကြီးသည် နံနက်ရောက်လျှင် ဒါဝိဒ်ကိုသတ်ရန် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်၏အိမ်ကို စောင့်ကြည့်စေ၏။ ထိုအခါ ဒါဝိဒ်၏မယားမိခါလက “ယခုညတွင် သင်အသက်လွတ်အောင်မပြေးလျှင် မနက်ဖြန်တွင် သင်အသတ်ခံရလိမ့်မည်”ဟု ပြော၏။