အို အကျွန်ုပ်၏ဘုရားသခင်၊ ယခု မြင်တော်မူလှည့်ပါ။ ဤနေရာတွင် ဆုတောင်းသောအသံကို နားစွင့်တော်မူပါ။
ဆာလံ 34:15 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။ Common Language Bible ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက်၊ အော် ဟစ် သံ ကို လည်း နား ညောင်း တော် မူ ၏။ Judson Bible ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။ |
အို အကျွန်ုပ်၏ဘုရားသခင်၊ ယခု မြင်တော်မူလှည့်ပါ။ ဤနေရာတွင် ဆုတောင်းသောအသံကို နားစွင့်တော်မူပါ။
ဖြောင့်မတ်သောသူတို့ကို မျက်နှာလွှဲတော်မမူ။ သူတို့ကို ရှင်ဘုရင်တို့နှင့်အတူ ပလ္လင်ပေါ်တွင် အစဉ်စံမြန်းစေ၍ ချီးမြှောက်တော်မူ၏။
အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
ဖြောင့်မတ်သောသူတို့ အော်ဟစ်တောင်းလျှောက်ကြသောအခါ ထာဝရဘုရားသည်နားညောင်း၍ သူတို့၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူတို့ကိုကယ်နုတ်တော်မူ၏။
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေထိုင်ရလိမ့်မည်။
သင်တို့ပြုကျင့်ရမည်မှာ အချင်းချင်း မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝတို့၌ တရားစီရင်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ကြလော့။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၍ သူတို့၏ဆုတောင်းသံကိုနားညောင်းတော်မူ၏။ သို့သော် မကောင်းသောအမှုကိုပြုသောသူတို့ထံမှ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။