ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ၏ကယ်တင်ရာကျောက်ဆောင်ဖြစ်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
ဆာလံ 18:46 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။ Common Language Bible ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောထာဝရဘုရား ကြီးမြတ်တော်မူကြောင်းကိုကြွေးကြော် ကြလော့။ Garrad Bible ထာ ဝ ရ ဘု ရား သည် အ သက် ရှင် တော် မူ၏။ ငါ့ ကျောက် တောင် တော်၌ မင်္ဂ လာ ရှိ စေ သ တည်း။ ငါ့ ကို ကယ် တင် ရာ ဘု ရား သ ခင် သည် မြင့် မြတ် တော် မူ ပါ စေ သော။ Judson Bible ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်းရှိပါစေသတည်း။ |
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ၏ကယ်တင်ရာကျောက်ဆောင်ဖြစ်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏အစွမ်းသတ္တိအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ အစွမ်းတန်ခိုးတော်အကြောင်းကိုသီကျူးလျက် သီဆိုချီးမွမ်းကြပါမည်။
ကိုယ်တော်၏သမ္မာတရားထဲ၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြ၍ အကျွန်ုပ်ကို သင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားသခင်ဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို တစ်နေ့လုံးစောင့်မျှော်ပါ၏။
ငါ၏ကျောက်ဖြစ်တော်မူသောဘုရားသခင်အား “အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း”ဟု ငါလျှောက်၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။
ငါတို့၏ဘုရားသခင်သည် ကယ်တင်တော်မူသောဘုရားဖြစ်တော်မူ၏။ သေခြင်းမှလွတ်မြောက်ခွင့်သည်လည်း ဘုရားရှင်ထာဝရဘုရားထံတော်မှလာ၏။
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော့်နာမတော်၏ဘုန်းအသရေတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်တို့ကိုကယ်နုတ်ပြီး အကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်၌ ရှိခိုးကိုးကွယ်ကြလော့။ အကြောင်းမူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။