ထို့နောက် ရက်ပေါင်းများစွာကုန်လွန်လာ၏။ သုံးနှစ်ကြာလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “အာဟပ်မင်းကြီးကို ကိုယ်တိုင်သွားတွေ့လော့။ ငါသည် မြေပြင်ပေါ်သို့ မိုးကိုရွာစေမည်”ဟု မိန့်တော်မူ၏။
ဆာလံ 135:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။ Common Language Bible ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။ Garrad Bible မြေ ကြီး အ စွန်း အ ဖျား မှ မိုး သား တက် စေ လျက်၊ မိုး ရွာ စေ ရန် လျှပ် စစ် ကို စီ မံ လျက်၊ လှောင် တိုက် တော် များ ထဲ က လေ ပြင်း ကို ထွက် စေ တော် မူ ၏။ Judson Bible မြေကြီးစွန်းမှ မိုးတိမ်တို့ကို တက်စေတော်မူ၏။ မိုးနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။ |
ထို့နောက် ရက်ပေါင်းများစွာကုန်လွန်လာ၏။ သုံးနှစ်ကြာလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “အာဟပ်မင်းကြီးကို ကိုယ်တိုင်သွားတွေ့လော့။ ငါသည် မြေပြင်ပေါ်သို့ မိုးကိုရွာစေမည်”ဟု မိန့်တော်မူ၏။
မြေမျက်နှာပြင်ပေါ်တွင် မိုးရွာစေသောအရှင်၊ လယ်ကွင်းများသို့ ရေကိုရောက်စေသောအရှင် ဖြစ်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်မိန့်တော်မူသောအခါ လေမုန်တိုင်းတိုက်ခတ်၍ လှိုင်းတံပိုးများထကြ၏။
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
ကိုယ်တော်သည် အရှေ့လေကို ကောင်းကင်မှထွက်ခွာစေပြီး မိမိ၏အစွမ်းသတ္တိအားဖြင့် တောင်လေကိုတိုက်ခတ်လာစေတော်မူ၏။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေတော်မူ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
မိုးနှောင်းကာလတွင် မိုးရွာစေရန် ထာဝရဘုရားထံတောင်းလျှောက်ကြလော့။ ထာဝရဘုရားသည် မိုးတိမ်တိုက်ကို ဖြစ်ပေါ်စေ၏။ မိုးရွာစေခြင်းဖြင့် လူအပေါင်းတို့၏လယ်ပြင်မှ အပင်များအတွက် မိုးရေကို ရရှိစေတော်မူ၏။
လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။