ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
ဆာလံ 135:17 - မြန်မာ့စံမီသမ္မာကျမ်း နားရှိသော်လည်း မကြားနိုင်ကြ။ ၎င်းတို့၏ပါးစပ်၌လည်း ထွက်သက်ဝင်သက်မရှိ။ Common Language Bible သူတို့သည်နားများရှိပါလျက်မကြားနိုင်။ သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။ Garrad Bible နား ရှိ လျက် ပင်၊ ကြား နာ ခွင့် မ ရှိ သည့် ပြင်၊ ခံ တွင်း ၌ လည်း ထွက် သက် ဝင် သက် မ ရှိ။ Judson Bible နားရှိ၍ မကြားတတ်။ သူတို့ပါးစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။ |
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုသည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
သူတို့သည် အပြစ်ကို အထပ်ထပ်ကျူးလွန်ကြ၏။ သူတို့ကိုယ်ပိုင်ဉာဏ်ဖြင့် သူတို့အဖို့ ငွေရုပ်တုကို လုပ်ကြ၏။ ထိုရုပ်တုအားလုံးသည် လက်မှုပညာသည်တို့၏လက်ရာသက်သက်သာ ဖြစ်၏။ ထိုသူတို့က “ယဇ်ပူဇော်သောလူတို့သည် နွားသငယ်ရုပ်တုကိုနမ်းကြစေ”ဟု ဆိုကြ၏။
သစ်သားကို ‘နိုးပါ’ဟု ပြောသောသူ၊ စကားမပြောတတ်သောကျောက်တုံးကို ‘ထပါ’ဟု ပြောသောသူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သင်တို့ကို သွန်သင်ပြနိုင်မည်လော။ ထိုအရာကို ရွှေ၊ ငွေတို့ဖြင့်မွမ်းမံထား၏။ ထိုအရာ၌ အသက်အလျှင်းမရှိ။