ကိုယ်တော်သည် ဆင်းရဲသောသူကို မြေမှုန့်ထဲမှထစေ၍ နွမ်းပါးသောသူကို ပြာပုံထဲမှချီးမြှောက်ကာ
ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
ဆင်း ရဲ သူ့ ကို မြေ မုန့် ထဲ က ချီး မြှင့် လျက်၊ နွမ်း ပါး သူ့ ကို အ မှိုက် ပုံ ထဲ က တင် မြှောက် ပြီး လျှင်၊
ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကချီးမြှောက်လျက်၊
“ငါသည် သင့်ကို မြေမှုန့်ထဲမှဆွဲထူ၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေခဲ့၏။ သို့သော် သင်သည် ယေရောဗောင်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို လမ်းမှားစေပြီး သူတို့ပြုမိသောအပြစ်များသည် ငါ့ကိုအမျက်ထွက်စေ၏။
ယောဘသည် အိုးခြမ်းပဲ့တစ်ခုကိုယူ၍ ပြာထဲတွင် ထိုင်လျက် မိမိကိုယ်ကိုကုတ်ခြစ်နေရလေ၏။
နိမ့်ကျသောသူတို့ကို မြှင့်တင်၍ ဝမ်းနည်းပူဆွေးသောသူတို့ကို ကူမကယ်တင်တော်မူ၏။
နွမ်းပါးသောသူတို့ကိုကား ဖိစီးနှိပ်စက်မှုထဲမှကယ်နုတ်၍ လုံခြုံစွာစောင့်ရှောက်တော်မူ၏။ သူတို့၏မျိုးနွယ်စုများကိုလည်း သိုးအုပ်ကဲ့သို့ ပွားများစေတော်မူ၏။
အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ခန်းခြောက်၍ အကျွန်ုပ်၏လျှာသည် အာခေါင်၌ကပ်နေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းမြေမှုန့်ထဲ၌ထားတော်မူ၏။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနိမ့်စေ၍ နိမ့်သောအပင်ကိုမြင့်စေကြောင်း၊ စိမ်းလန်းသောအပင်ကိုခြောက်သွေ့စေ၍ ခြောက်သွေ့သောအပင်ကိုဝေဆာစေကြောင်း ကွင်းပြင်မှသစ်ပင်ရှိသမျှတို့ သိကြရလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်းပြုမည်’ဟူ၍ မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
အစ္စရေးဘုရင်သည် မည်သူ့ကို တိုက်ခိုက်ရန် ထွက်လာသနည်း။ မည်သူ့နောက်ကို လိုက်နေသနည်း။ ခွေးသေကောင်နောက်ကိုလော၊ ခွေးလှေးတစ်ကောင်နောက်ကိုလော။