ကမ္ဘာဦး 45:15 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။ Common Language Bible ထိုနောက်အစ်ကိုတစ်ယောက်စီကိုလည်းဖက်နမ်း၍ ငိုလေသည်။ ထိုနောက်ညီအစ်ကိုတို့သည်ယောသပ် နှင့်ရင်းနှီးစွာစကားပြောဆိုကြ၏။ Garrad Bible အစ် ကို ရှိ သ မျှ ကို လည်း နမ်း ၍ အ တူ ငို ကြွေး ကြ ပြီး နောက် သူ နှင့် ရော နှော ပြော ဆို ကြ ကုန် ၏။ Judson Bible တစ်ဖန် အစ်ကိုရှိသမျှတို့ကိုနမ်း၍ သူတို့နှင့်ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။ |
လာဗန်သည် မိမိတူ ယာကုပ်အကြောင်းကိုကြားရသောအခါ သူနှင့်တွေ့ဆုံရန် ပြေးလာကာ သူ့ကိုပွေ့ဖက်၍နမ်းပြီးလျှင် မိမိအိမ်သို့ခေါ်သွား၏။ ယာကုပ်သည်လည်း အကြောင်းအရာအားလုံးကို လာဗန်အားပြောပြလေ၏။
ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။
ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။
ထို့နောက် ယောသပ်သည် မိမိညီဗင်္ယာမိန်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။ ဗင်္ယာမိန်သည်လည်း ယောသပ်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။
“ယောသပ်၏ညီအစ်ကိုတို့ရောက်နေကြ၏”ဟု ပြောဆိုသောသတင်းကို နန်းတော်မှဖာရောမင်းကြီး ကြားသောအခါ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် နှစ်သက်သဘောကျကြ၏။
သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။
ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသို့သွား၍ လျှောက်တင်ရာ ရှင်ဘုရင်က အဗရှလုံကိုဆင့်ခေါ်၏။ သူသည် ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်၏ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်၏။ ရှင်ဘုရင်လည်း အဗရှလုံကို နမ်းလေ၏။
ကိုယ်တော်သည် အကျွန်ုပ်၏မျက်ခွံကို မပိတ်နိုင်အောင်ကိုင်ထားတော်မူ၏။ အကျွန်ုပ်သည် မငြိမ်မသက်ဖြစ်၍ စကားပင်မပြောနိုင်ပါ။
ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။
ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
ချွေးမနှစ်ယောက်သည် တစ်ဖန် အော်ဟစ်ငိုကြွေးကြပြီး ဩရပသည် ယောက္ခမကိုနှုတ်ဆက်ကာ ထွက်သွားလေ၏။ ရုသမူကား ယောက္ခမနှင့်အတူ လိုက်သွား၏။
သင်တို့သည် နောက်အိမ်ထောင်ပြုပြီး အေးချမ်းစွာနေရသောအခွင့်ကို သင်တို့အား ထာဝရဘုရား ပေးသနားတော်မူပါစေသော”ဟု ဆိုပြီး သူတို့ကို နမ်းရာ သူတို့သည် အော်ဟစ်ငိုကြွေး၍
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
ထိုသူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် တောင်ဘက်ပုန်းအောင်းရာမှ ထွက်လာပြီး မြေပေါ်မှာ ပျပ်ဝပ်လျက် သုံးကြိမ်ဦးချလေ၏။ ပြီးလျှင် တစ်ဦးကိုတစ်ဦး ဖက်နမ်းလျက် ငိုကြွေးကြ၏။ ဒါဝိဒ်သည် ယောနသန်ထက် ပို၍ငိုကြွေးလေ၏။