အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
ကမ္ဘာဦး 41:32 - မြန်မာ့စံမီသမ္မာကျမ်း အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။ Common Language Bible ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။ Garrad Bible အ ရှင် မင်း ကြီး နှစ် ကြိမ် မြောက် အိပ် မက် မြင် ရ သည့် အ ကြောင်း မှာ ထို အ မှု ကို ဘု ရား သ ခင် အ တည် ပြု၍ မ ကြာ မီ စီ ရင် တော် မူ အံ့ သော ကြောင့် တည်း။ Judson Bible ဖာရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည်အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန်စီရင်တော်မူလိမ့်မည်။ |
အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
တစ်ဖန် ယောသပ်သည် ထပ်၍အိပ်မက်မက်ပြန်သဖြင့် မိမိအစ်ကိုတို့အား “အကျွန်ုပ်သည် ထပ်၍အိပ်မက်မက်ပြန်၏။ နေ၊ လနှင့် ကြယ်တစ်ဆယ့်တစ်လုံးတို့သည် အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ပြောပြလေ၏။
ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
အရှင်ဖာရောမင်းကြီးအား အကျွန်ုပ်လျှောက်ထားခဲ့သည့်စကားအတိုင်း ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးသည် အလွန်ဆိုးရွားမည်ဖြစ်၏။ ဝပြောခြင်းနောက်တွင် ဖြစ်လာမည့် ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ထိုပြည်၌ဝပြောခြင်းရှိခဲ့သည်ကိုပင် သိမှတ်ကြတော့မည်မဟုတ်။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
လူ့လက်ဖြင့်မဟုတ်ဘဲ ထုခွဲထားသောကျောက်တုံးတစ်တုံးသည် တောင်ပေါ်မှလိမ့်ကျလာပြီး သံ၊ ကြေးနီ၊ ရွှံ့စေး၊ ငွေ၊ ရွှေတို့ကို တစ်စစီကျိုးပဲ့စေသည်ကို အရှင်မင်းကြီး မြင်ခဲ့သည်မှာ ကြီးမြတ်တော်မူသောဘုရားသခင်သည် နောင်ကာလ၌ဖြစ်ပျက်မည့်အရာတို့ကို အရှင်မင်းကြီးအား ဖော်ပြပေးခြင်းဖြစ်၏။ အိပ်မက်သည် မှန်ကန်ပါ၏။ အနက်အဓိပ္ပာယ်မှာလည်း ယုံကြည်ရပါ၏”ဟု လျှောက်ဆိုလေ၏။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။
သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဘုရားသခင်သည် မိမိကိုချစ်သောသူတို့အတွက် မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ပြင်ဆင်ထားတော်မူ၏။”
ယခု တတိယအကြိမ် သင်တို့ထံသို့ ငါလာခဲ့မည်။ သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးသည် အတည်ပြုခြင်းခံရလိမ့်မည်။
ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။