ရာခေလ သေဆုံးလေ၏။ သို့သော် အသက်ထွက်အံ့ဆဲဆဲတွင် သား၏အမည်ကို ဗေနောနိ ဟုမှည့်ခေါ်၏။ ဖခင်မူကား ထိုသားကို ဗင်္ယာမိန် ဟုမှည့်ခေါ်၏။
ကမ္ဘာဦး 35:22 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။ Common Language Bible ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။- Garrad Bible ထို အ ရပ် ၌ နေ သော အ ခါ ရု ဗင် သည် အ ဘ၏ မ ယား ငယ် ဗိ လ ဟာ့ ထံ သွား၍ အိပ် လေ ၏။ ထို သ တင်း ကို ဣ သ ရေ လ ကြား ၏။ Judson Bible ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့်အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။ |
ရာခေလ သေဆုံးလေ၏။ သို့သော် အသက်ထွက်အံ့ဆဲဆဲတွင် သား၏အမည်ကို ဗေနောနိ ဟုမှည့်ခေါ်၏။ ဖခင်မူကား ထိုသားကို ဗင်္ယာမိန် ဟုမှည့်ခေါ်၏။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
သင့်ဖခင်၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏ဖခင်ကိုရှုတ်ချခြင်းဖြစ်၏။
ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်ကိုလည်း အာဗြဟံအားပေးတော်မူသဖြင့် သူသည် သားဣဇက်ကိုရသောအခါ ရှစ်ရက်မြောက်သောနေ့၌ သူ့အား အရေဖျားလှီးခြင်းပေးခဲ့၏။ ဣဇက်သည် သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်သည် တစ်ဆယ့်နှစ်ပါးသောမျိုးနွယ်စုဖခင်တို့ကိုလည်းကောင်း ရလေ၏။
သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။
“သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးပြီးသည့်နောက် လူတို့အားကောင်းချီးစကားပြောကြားသောအခါ ရှိမောင်အမျိုး၊ လေဝိအမျိုး၊ ယုဒအမျိုး၊ ဣသခါအမျိုး၊ ယောသပ်အမျိုး၊ ဗင်္ယာမိန်အမျိုး တို့သည် ဂေရဇိမ်တောင်ပေါ်၌ ရပ်နေရမည်။
‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့ပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။
အို ဗင်္ယာမိန်၊ အာမလက်ပြည်၌ အခြေချနေထိုင်သော ဧဖရိမ်အမျိုးတို့သည် သင်၏လူတို့နှင့်အတူ သင့်နောက်သို့လိုက်ကြပြီ။ မာခိရအမျိုးထဲမှ ခေါင်းဆောင်များဆင်းလာကြပြီ။ ဇာဗုလုန်အမျိုးထဲမှ စစ်သူကြီးများ ဆင်းလာကြပြီ။
ဧလိသည်လည်း အသက်အရွယ်အိုမင်းလာ၏။ သူ့သားတို့သည် အစ္စရေးတစ်မျိုးသားလုံးတို့အား ပြုသမျှကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝတွင် အစေခံသောအမျိုးသမီးတို့နှင့်အတူ အိပ်သည်ကိုလည်းကောင်း ကြားသိလေ၏။