ထိုသို့ ရာခေလသည် မိမိ၏ကျွန်မဗိလဟာကို ယာကုပ်အား မယားအဖြစ်ပေးသဖြင့် ယာကုပ်သည် သူ့ထံသို့ဝင်လေ၏။
သူသည်ဗိလဟာကိုယာကုပ်အားပေးအပ်၍ ယာကုပ်သည်ဗိလဟာနှင့်အိပ်သဖြင့်၊-
အ ငယ် အ နှောင်း ထား စေ ရန် ကျွန် မိန်း မ ဗိ လ ဟာ ကို ယာ ကုပ် သို့ အပ် နှင်း သည့် အ လျောက်၊
ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်းငှာအပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။
ထို့ကြောင့် စာရဲက အာဗြံအား “ကြည့်ရှုလော့။ ထာဝရဘုရားသည် အကျွန်ုပ်အား သားသမီးမွေးဖွားခွင့်ပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ အကျွန်ုပ်သည် သူ့အားဖြင့် မိသားစုတစ်ခုတည်ဆောက်နိုင်ကောင်းတည်ဆောက်နိုင်လိမ့်မည်”ဟု ဆိုလျှင် အာဗြံသည်လည်း စာရဲ၏စကားကိုနားထောင်လေ၏။
အာဗြဟံအား “ဤကျွန်မနှင့် သူ၏သားကို နှင်ထုတ်ပါလော့။ အကြောင်းမူကား ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇက်နှင့်အတူ အမွေခံမဖြစ်ရ”ဟု ဆို၏။
ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှနှင့် မာခါ တို့ကိုမွေးဖွားလေ၏။
အာဗြဟံသည် မိန်းမနောက်ထပ်တစ်ယောက်ယူ၏။ သူ၏အမည်မှာ ကေတုရ ဖြစ်၏။
မိမိမယားငယ်တို့၏သားတို့ကိုကား အာဗြဟံသည် လက်ဆောင်ပစ္စည်းများပေး၍ မိမိအသက်ရှင်စဉ်တွင် သူတို့ကို မိမိသားဣဇက်နှင့်ဝေးရာ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
(လာဗန်သည် မိမိကျွန်မဗိလဟာကို သမီးရာခေလ၏ကျွန်မအဖြစ် လက်ဖွဲ့၏။)
ဗိလဟာသည် ကိုယ်ဝန်ဆောင်၍ ယာကုပ်အတွက် သားကို မွေးဖွား၏။
ကျွန်မနှစ်ယောက်နှင့်သူတို့၏ကလေးများကို ရှေ့ဆုံး၌လည်းကောင်း၊ လေအာနှင့်သူ၏ကလေးများကို အလယ်၌လည်းကောင်း၊ ရာခေလနှင့်ယောသပ်ကို နောက်ဆုံး၌လည်းကောင်း ထားလေ၏။
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
ဤသူတို့ကား လာဗန်က မိမိသမီးရာခေလအားလက်ဖွဲ့အဖြစ်ပေးသော ဗိလဟာ၏သားများဖြစ်ကြ၏။ ဗိလဟာသည် ယာကုပ်အတွက် ဤသားတို့ကိုမွေးဖွားပေး၍ စုစုပေါင်းခုနစ်ယောက်ရှိ၏။
ထာဝရဘုရားက ‘ငါသည် သင့်ကို ဘေးအန္တရာယ်ပေးမည့်သူအား သင့်မိသားစုထဲက ပေါ်ထွက်စေမည်။ သင့်မျက်စိရှေ့တွင်ပင် သင့်မိဖုရားတို့ကို ယူပြီး သင့်အိမ်နီးချင်းအား ပေးမည်။ သူသည် နေ့အချိန်တွင်ပင် သင့်မိဖုရားတို့နှင့်အတူ အိပ်လိမ့်မည်။