ကမ္ဘာဦး 23:18 - မြန်မာ့စံမီသမ္မာကျမ်း မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့တွင် အာဗြဟံပိုင်သောဥစ္စာအဖြစ် အတည်ပြုကြ၏။ Common Language Bible ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။ Garrad Bible မြို့ တံ ခါး ဖြင့် ထွက်၀င် ပိုင် သူ ဟူ သ မျှ သော ဟေ သ အ မျိုး သား တို့ ရှေ့၊ အာ ဗြ ဟံ သည် ထာ၀ ရ အ ပိုင် ရ လေ ၏။ Judson Bible ဟေသအမျိုးသားပရိသတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဖို့ လုံခြုံစွာအပ်ပေးလေ၏။ |
ဧဖရုန်သည် ဟေသအမျိုးသားတို့အလယ်တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ ဟိတ္တိလူမျိုးဧဖရုန်သည် မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့၌ အာဗြဟံအား
ထို့နောက်တွင် အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန် ခေါ် မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိသောလိုဏ်ဂူထဲ၌ မိမိမယားစာရာကို သင်္ဂြိုဟ်လေ၏။
သူ၏သား ဣဇက်နှင့်ဣရှမေလတို့သည် မံရေမြို့အရှေ့ဘက်၊ ဟိတ္တိလူမျိုးဇောဟာ၏သား ဧဖရုန်၏လယ်၌ရှိသော မပ္ပေလလိုဏ်ဂူတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
မြို့တံခါးမှဝင်ထွက်သွားလာသောသူအပေါင်းတို့သည် ဟာမော်နှင့်သူ့သားရှေခင်၏စကားကို နားထောင်ကြ၏။ မြို့တံခါးမှဝင်ထွက်သွားလာသောယောက်ျားအပေါင်းတို့သည်လည်း အရေဖျားလှီးခြင်းကိုခံကြ၏။
ငါ့ဘထွေး၏သား ဟာနမေလရှေ့၊ အဝယ်စာချုပ်၌ လက်မှတ်ရေးထိုးသောသက်သေများရှေ့၊ ထောင်ဝင်း၌ထိုင်နေကြသော ဂျူးလူမျိုးအားလုံးရှေ့တွင် မာသေယ၏မြေး၊ နေရိ၏သား ဗာရုတ်လက်သို့ အဝယ်စာချုပ်ကိုပေးအပ်၏။
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။