ကမ္ဘာဦး 15:16 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။ Common Language Bible သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။ Garrad Bible လူ မျိုး လေး ဆက် မြောက် သော ကာ လ တွင် ထို သူ တို့ သည် ဤ ပြည် သို့ ပြန် လာ ရ ကြ လိမ့် မည်။ အာ မော ရိ လူ မျိုး တို့ ဒု စ ရိုက် မှု ယ ခု မ ပြည့် သေး ဟု မိန့် တော် မူ ၏။ Judson Bible လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။ |
ထိုအခါ ထာဝရဘုရားက အာဗြံအား “သင်၏သားမြေးစဉ်ဆက်တို့သည် မိမိတို့မပိုင်သောပြည်၌ ဧည့်သည်ဖြစ်ရ၍ ထိုပြည်၌ ကျွန်ခံရကြမည်ဖြစ်ကြောင်းနှင့် ထိုပြည်သားတို့သည် သူတို့ကို အနှစ်လေးရာပတ်လုံး နှိပ်စက်ကြမည်ဖြစ်ကြောင်း အမှန်သိမှတ်လော့။
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။
“ယုဒဘုရင်မနာရှေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုပြီ။ သူ့အလျင်ရှိခဲ့သောအာမောရိလူမျိုးတို့ထက် သာ၍မကောင်းမှုများကို ပြုပြီ။ သူလုပ်ခဲ့သောရုပ်တုများဖြင့် ယုဒလူမျိုးတို့ကို အပြစ်ပြုစေပြီ။
ဤသို့ဖြင့် မိမိလူမျိုးတော်ကို ရွှင်မြူးစေလျက်၊ မိမိရွေးကောက်သောသူတို့ကို ရွှင်လန်းစွာကြွေးကြော်စေလျက် ထုတ်ဆောင်တော်မူ၏။
အီဂျစ်ပြည်၌ အစ္စရေးအမျိုးသားတို့ နေထိုင်ခဲ့ကြသောအချိန်ကာလမှာ နှစ်ပေါင်း လေးရာ့သုံးဆယ်ဖြစ်၏။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
ထိုနိုင်ငံများပျက်သုဉ်းချိန်ရောက်ခါနီး ပုန်ကန်ထကြွမှုများ ပေါ်ပေါက်သောအခါ မျက်နှာထားခက်ထန်ပြီး စကားလိမ်လည်ရာ၌ ကျွမ်းကျင်သောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။
ထိုသို့သောအမှုတစ်စုံတစ်ခုနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။ အကြောင်းမူကား သင်တို့ရှေ့မှ ငါနှင်ထုတ်သည့်လူမျိုးတို့သည် ထိုသို့သောအမှုရှိသမျှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။