ကမ္ဘာဦး 12:16 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးသည် စာရဲကြောင့် အာဗြံကိုကောင်းစားစေသဖြင့် အာဗြံသည် သိုးအုပ်၊ နွားအုပ်၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်တို့ကိုပိုင်ဆိုင်လာလေ၏။ Common Language Bible သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။ Garrad Bible ဖာ ရော မင်း သည် ထို မိန်း မ ကို ထောက်၍ အာ ဗြံ အား ကျေး ဇူး ပြု သ ဖြင့် သူ သည် သိုး၊ ဆိတ်၊ နွား၊ မြည်း ထီး၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ ကု လား အုပ် များ ကို ရ ရှိ ၏။ Judson Bible ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။ |
ထိုသူနှစ်ဦးတို့သည် အတူတကွနေထိုင်ရန် မြေမလုံလောက်ပေ။ အကြောင်းမူကား သူတို့၏ဥစ္စာအလွန်များပြားသဖြင့် သူတို့သည် အတူတကွနေထိုင်ရန် မဖြစ်နိုင်တော့ချေ။
အာဗြံ၏မယားစာရဲသည် အာဗြံအတွက် သားသမီးမမွေးဖွားပေးနိုင်ချေ။ စာရဲတွင် ဟာဂရအမည်ရှိသော အီဂျစ်လူမျိုးကျွန်မတစ်ယောက်ရှိ၏။
ထိုအခါ အဘိမလက်မင်းကြီးသည် သိုးအုပ်၊ နွားအုပ်၊ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမတို့ကိုယူ၍ အာဗြဟံအားပေးလေ၏။ သူ၏မယားစာရာကိုလည်း သူ့အားပြန်ပေး၏။
ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့် သူသည် ချမ်းသာသောသူဖြစ်လာပါသည်။ ကိုယ်တော်သည် သူ့အား သိုးအုပ်၊ နွားအုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများ၊ ကုလားအုတ်များနှင့် မြည်းများကို ပေးတော်မူပါသည်။
သူ၌ သိုးအုပ်၊ နွားအုပ် စသည့် တိရစ္ဆာန်များနှင့် အခြွေအရံအမြောက်အမြားရှိသည်ဖြစ်၍ ဖိလိတ္တိအမျိုးသားတို့သည် သူ့ကိုငြူစူကြ၏။
ဤသို့ဖြင့် ယာကုပ်သည် စည်းစိမ်အလွန့်အလွန်တိုးပွား၍ များစွာသောသိုးဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့် မြည်းတို့ကိုပိုင်ဆိုင်လာလေ၏။
အကျွန်ုပ်တွင် နွားများ၊ မြည်းများ၊ သိုးဆိတ်များနှင့် ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများရှိပါ၏။ အကျွန်ုပ်သည် သခင့်ရှေ့၌မျက်နှာရမည့်အကြောင်း လူလွှတ်၍ အကျွန်ုပ်၏သခင်အား ကြိုတင်ကြားလျှောက်ပါ၏’ဟူ၍ ပြောရမည်”ဟု မှာကြားလိုက်လေ၏။
သူသည် သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ မြည်းငါးရာနှင့် အစေခံအများအပြား ပိုင်ဆိုင်ထား၏။ အရှေ့ပြည်သားအပေါင်းတို့တွင် သူသည် အချမ်းသာဆုံးဖြစ်၏။
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင်