၄ ရာ 10:31 - မြန်မာ့စံမီသမ္မာကျမ်း31 သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။ Ver CapítuloCommon Language Bible31 သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။ Ver CapítuloGarrad Bible31 ယေ ဟု မင်း သည် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပ ညတ် တ ရား တော် အ တိုင်း အ ကြွင်း မဲ့ လိုက် လျှောက်ရန် စိတ် နှ လုံး မ မူ ဘဲ ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော ယေရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့် လေ စွ။ Ver CapítuloJudson Bible31 ယေဟုသည် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားတရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှာ သတိမပြု၊ ဣသရေလအမျိုးကိုပြစ်မှားစေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။ Ver Capítulo |
ထို့ပြင် ‘သင်၏သားမြေးတို့သည် သူတို့သွားရာလမ်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာရှိလျက် ငါ့မျက်မှောက်၌အသက်ရှင်လျှောက်လှမ်းရန် စောင့်ထိန်းကြမည်ဆိုလျှင် အစ္စရေးလူမျိုး၏ရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါ့အား ကတိထားခဲ့သည့်စကားတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။