၄ ရာ 10:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible30 ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible30 ထာ ဝ ရ ဘု ရား က၊ ငါ့ အ လို အ တိုင်း အာ ဟပ် မင်း မျိုး၌ အ ပြီး သတ် စီ ရင် လျက် ငါ့ မျက် မှောက် တွင် ဖြောင့် မှန် မှု ကို သင့် လျော် စွာ ပြု လုပ် သော ကြောင့် ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် သင့် သား မြေး လေး ဆက် မြောက် စိုး စံ ခွင့် ရ လိမ့် မည် ဟူ၍ ယေ ဟု မင်း အား မိန့် တော် မူ သော် လည်း၊ Ver CapítuloJudson Bible30 ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကိုကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်လည်းကောင်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ်အမျိုး၌ စီရင်သောကြောင့်လည်းကောင်း၊ သင့်သားမြေး လေးဆက်တိုင်အောင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊ Ver Capítulo |