၁ ရာချုပ် 15:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိအမျိုးတို့အား ဘုရားသခင်သည် စောင်မတော်မူ၏။ သူတို့သည် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်ကို ယဇ်ပူဇော်ကြ၏။ Ver CapítuloCommon Language Bible26 ဘုရားသခင်သည်သေတ္တာတော်ကိုပင့်ဆောင် ကြသူလေဝိအနွယ်ဝင်တို့အားမစတော် မူစေခြင်းငှာ ဣသရေလအမျိုးသားတို့ သည်နွားထီးခုနစ်ကောင်နှင့်သိုးခုနစ် ကောင်ကိုယဇ်ပူဇော်ကြ၏။- Ver CapítuloGarrad Bible26 ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ထမ်း ရန် လေ ဝိ ဂိုဏ်း သား တို့ ကို ဘု ရား သ ခင် မ စ တော် မူ သည့် အ တွက် နွား ခု နစ် ကောင်၊ သိုး ထီး ခု နစ် ကောင် များ ကို ဆက် ကပ် ပူ ဇော် ကြ ၏။ Ver CapítuloJudson Bible26 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားတို့ကို ဘုရားသခင်မစတော်မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ်ကောင်တို့ကို ယဇ်ပူဇော်ကြ၏။ Ver Capítulo |
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။