Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ 17:55 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

55 ဖိလိတ္တိ​လူစွမ်းကောင်း​ကို တိုက်ခိုက်​ရန် ထွက်သွား​သော​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ကြည့်​ပြီး စစ်သူကြီး​အာဗနာ​အား “​အာဗနာ​၊ ဤ​လူငယ်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် အာဗနာ​က “​အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​မ​သိ​ပါ​”​ဟု လျှောက်​၏​။

Ver Capítulo Copiar

Common Language Bible

55 ဂေါ​လျတ်​နှင့်​စစ်​ထိုး​ရန် ဒါ​ဝိဒ်​ထွက်​သွား​သည် ကို​ရှော​လု​မြင်​သော​အ​ခါ ဗိုလ်​ချုပ်​အာ​ဗ​နာ အား``အာ​ဗ​နာ၊ ထို​သူ​ငယ်​ကား​အ​ဘယ်​သူ နည်း'' ဟု​မေး​တော်​မူ​၏။ အာ​ဗ​နာ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​လျှောက်​၏။

Ver Capítulo Copiar

Garrad Bible

55 ဖိ လိ တ္တိ သူ ရဲ နှင့် စီး ချင်း ထိုး ရန် ဒါ ဝိဒ် ထွက် သွား သည် ကို ရှော လု မင်း မြင် သော်၊ ထို လု လင် ကား၊ မည် သူ့ သား နည်း ဟု ဗိုလ် ချုပ် အာ ဗ နာ ကို မေး ရာ အ ရှင် မင်း မြတ် အ သက် တော် ရှင် သည့် အ တိုင်း ကျွန်​တော် မ သိ ပါ ဟု အာ ဗ နာ တင် လျှောက် လျှင်

Ver Capítulo Copiar

Judson Bible

55 ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို တိုက်​ခြင်း​ငှာ ထွက်​သွား​သည်​ကို ရှော​လု​သည်​မြင်​လျှင်၊ ထို​လု​လင်​ကား အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု ဗိုလ်​ချုပ်​မင်း​အာ​ဗ​နာ​ကို မေး၏။ အာ​ဗ​နာ​က​လည်း၊ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ရှင်​သည်​အ​တိုင်း ကျွန်​တော်​မ​သိ​ပါ​ဟု လျှောက်​လျှင်၊

Ver Capítulo Copiar




၁ ရာ 17:55
9 Referencias Cruzadas  

သင်​တို့​သည် ဤသို့​စစ်ဆေး​ခြင်း​ခံရ​မည်​။ ဖာရော​မင်းကြီး​အသက်ရှင်​သည်​နှင့်အညီ သင်​တို့​၏​အငယ်ဆုံး​ညီ​သည် ဤ​အရပ်​သို့​မ​ရောက်လာ​လျှင် သင်​တို့​သည် ဤ​အရပ်​မှ​မ​ထွက်သွား​ရ​။


ဟန္န​က “​အို အကျွန်ုပ်​၏​သခင်​၊ သခင် အသက်ရှင်​သည်​နှင့်အညီ အကျွန်ုပ်​သည် ယခင်​က ဤ​နေရာ အရှင့်​အနား​တွင်​ရပ်​လျက် ထာဝရဘုရား​ထံ​ဆုတောင်း​ခဲ့​သော​မိန်းမ ဖြစ်​ပါ​၏​။


ရှောလု​မင်းကြီး​၏​မိဖုရား​မှာ အဟိမတ်​၏​သမီး အဟိနောင်​ဖြစ်​၏​။ သူ​၏​စစ်သူကြီး​မှာ သူ့​ဘထွေး​နေရ​၏​သား အာဗနာ​ဖြစ်​၏​။


ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်လာ​စေ​၏​။ သူ​သည် နီမြန်း​သော​အသားအရေ​၊ လှပ​သော​မျက်လုံး​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​၏​။ ထာဝရဘုရား​က “​ဤ​သူ​ပင်​ဖြစ်​၏​။ ထ​၍ သူ့​ကို​ဘိသိက်ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။


ဒါဝိဒ်​သည်​လည်း ထို​ဖိလိတ္တိ​ပြည်သား​၏​ဦးခေါင်း​ကို ယူ​ပြီး ဂျေရုဆလင်​မြို့​သို့ ယူလာ​၏​။ ထို​သူ​၏​လက်နက်​တို့​ကို​မူ မိမိ​တဲ​၌​ထား​လေ​၏​။


ထိုအခါ ရှင်ဘုရင်​က “​ဤ​လူငယ်​သည် မည်သူ့​သား​ဖြစ်ကြောင်း စုံစမ်း​လော့​”​ဟု အမိန့်ပေး​၏​။


ထိုအခါ ရှောလု​မင်းကြီး​က သူ့​အား “​အချင်း​လူငယ်​၊ သင်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် ဒါဝိဒ်​က “​အကျွန်ုပ်​သည် အရှင့်​အစေအပါး​၊ ဗက်လင်​မြို့သား ယေရှဲ​၏​သား​ဖြစ်​ပါ​သည်​”​ဟု လျှောက်​၏​။


ထိုအခါ ဒါဝိဒ်​သည် ထ​၍ ရှောလု​မင်းကြီး စခန်းချ​ရာ​နေရာ​သို့​သွား​လျှင် ရှောလု​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖြစ်​သော နေရ​၏​သား​အာဗနာ​တို့ အိပ်​သော​နေရာ​ကို တွေ့​လေ​၏​။ ရှောလု​မင်းကြီး​သည် တပ်သား​များ​ဝိုင်းရံ​ထား​သော​တပ်စခန်း​ထဲ​၌ အိပ်​နေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos