Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ 17:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထို့နောက် သူ့​တောင်ဝှေး​ကို​ယူ​၍ စမ်းချောင်း​ထဲမှ ကျောက်စရစ်ခဲ​ငါး​လုံး​ကို​ရွေးယူ​ပြီး မိမိ​၏​သိုးထိန်း​လွယ်အိတ်​ထဲ​ထည့်​၏​။ ထို့နောက် လောက်လွှဲ​ကို ကိုင်​လျက် ဖိလိတ္တိ​ပြည်သား​ထံ ချဉ်းကပ်​သွား​၏​။

Ver Capítulo Copiar

Common Language Bible

40 သူ​သည်​မိ​မိ​၏​သိုး​ထိန်း​တောင်​ဝှေး​ကို​ယူ​၍ စမ်း​ချောင်း​ထဲ​မှ​ကျောက်​ခဲ​ငါး​လုံး​ကို​ကောက် ယူ​ကာ​လွယ်​အိတ်​ထဲ​သို့​ထည့်​လိုက်​၏။ ထို​နောက် လောက်​လွှဲ​ကို​အ​သင့်​ကိုင်​၍ ဂေါ​လျတ်​နှင့် တွေ့​ဆုံ​ရန်​ထွက်​သွား​လေ​သည်။

Ver Capítulo Copiar

Garrad Bible

40 ရှိ ရင်း တုတ် နှင့် လောက် လွှဲ ကို ကိုင် လျက် ချော မာ သော ကျောက် ငါး လုံး ကို ချောင်း ထဲ မှ ရွေး ကောက်၍ သိုး ထိန်း တို့ သုံး တတ် သော လွယ် အိတ်၌ ထည့် ပြီး လျှင် ဖိ လိ တ္တိ သူ ရဲ ထံ ချဉ်း ကပ် လေ ၏။

Ver Capítulo Copiar

Judson Bible

40 တစ်​ဖန် မိ​မိ​တောင်​ဝှေး​ကို​ကိုင်​လျက်၊ ချော​သော​ကျောက်​ငါး​လုံး​ကို ချောင်း​ထဲ​က​ရွေး၍၊ သိုး​ထိန်း တန်​ဆာ​တည်း​ဟူ​သော လွယ်​အိတ်၌​ထည့်​ပြီး​မှ၊ လောက်​လွှဲ​ကို​လည်း​ကိုင်၍ ဖိ​လိ​တ္တိ​လူ​ရှိ​ရာ​သို့ ချဉ်း​လေ၏။

Ver Capítulo Copiar




၁ ရာ 17:40
8 Referencias Cruzadas  

လမ်း​ခရီး​အတွက် လွယ်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​နှင့် တောင်ဝှေး​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် မိမိ​စားစရာ​ကို​ရ​ထိုက်​၏။


ဤ​လူ​အပေါင်း​တို့​တွင် ရွေးကောက်​ထား​သော​လက်ဝဲ​လက်​အားသန်​သူ​ယောက်ျား​အယောက်​ခုနစ်​ရာ​ရှိ​၏​။ သူ​တို့​သည် ဆံချည်​တစ်​ပင်​ကို​ပင် လောက်လွှဲ​နှင့်​ထိ​အောင် ပစ်​နိုင်​သူ​များ​ဖြစ်​၏​။


ဧဟုဒ​နောက်တွင် အာနတ်​၏​သား ရှံဂါ​ပေါ်ထွန်း​၍ သူ​သည် ဖိလိတ္တိ​လူမျိုး​ခြောက်​ရာ​ကို နွား​နှင်တံ​ဖြင့် သတ်​၍ အစ္စရေး​လူမျိုး​တို့​ကို ကယ်တင်​ခဲ့​၏​။


ထို့နောက် ဒါဝိဒ်​သည် စစ်ဝတ်တန်ဆာ​ပေါ်၌ ဓား​ကို​သိုင်းလွယ်​ထား​ပြီး လမ်းလျှောက်​ကြည့်​၏​။ စစ်ဝတ်တန်ဆာ​ကို တစ်ခါ​မျှ မ​ဝတ်​ဖူး​သဖြင့် လျှောက်​၍​မ​ရ​။ ထို့ကြောင့် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အကျွန်ုပ်​ဝတ်နေကျ​မ​ဟုတ်​သော ဤ​ဝတ်စုံ​များ​နှင့် မ​သွား​နိုင်​ပါ​”​ဟု ဆို​ပြီး ဒါဝိဒ်​သည် ကိုယ်​ပေါ်​မှ စစ်ဝတ်တန်ဆာ​များ​ကို ချွတ်ပစ်​လေ​၏​။


ထို​ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ထံသို့​ချဉ်းကပ်​လာ​၏​။ ဒိုင်းလွှား​ကိုင်​သူ​လည်း သူ့​ရှေ့​မှ သွား​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos