၁ ရာ 17:39 - မြန်မာ့စံမီသမ္မာကျမ်း39 ထို့နောက် ဒါဝိဒ်သည် စစ်ဝတ်တန်ဆာပေါ်၌ ဓားကိုသိုင်းလွယ်ထားပြီး လမ်းလျှောက်ကြည့်၏။ စစ်ဝတ်တန်ဆာကို တစ်ခါမျှ မဝတ်ဖူးသဖြင့် လျှောက်၍မရ။ ထို့ကြောင့် ဒါဝိဒ်က ရှောလုမင်းကြီးအား “အကျွန်ုပ်ဝတ်နေကျမဟုတ်သော ဤဝတ်စုံများနှင့် မသွားနိုင်ပါ”ဟု ဆိုပြီး ဒါဝိဒ်သည် ကိုယ်ပေါ်မှ စစ်ဝတ်တန်ဆာများကို ချွတ်ပစ်လေ၏။ Ver CapítuloCommon Language Bible39 ဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား``အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ'' ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။- Ver CapítuloGarrad Bible39 ဒါ ဝိဒ် သည် မ စမ်း သပ် သေး သော ချပ် တန် ဆာ အ ပေါ် မှာ ဓား တော် ကို ပတ် စည်း ၍ သွား မည့် ပြု ရာ ဤ ကိ ရိ ယာ တန် ဆာ ကို မ စမ်း သပ် ဘူး သော ကြောင့် ကျွန် တော် မ သွား တတ် ပါ ဟု ရှော လု မင်း ထံ တင် လျှောက်၍ ချွတ် ပယ် ပြီး မှ Ver CapítuloJudson Bible39 ဒါဝိဒ်သည် ဓားတော်ကို အဝတ်ပေါ်မှာစည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက်များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော်မသွားနိုင်ပါ၊ မစုံစမ်းပါသေးဟု ရှောလုအားလျှောက်၍ ချွတ်ပြန်လေ၏။ Ver Capítulo |