Biblia Todo Logo
La Biblia Online
- Anuncios -




သူ​ကြီး 20:45 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 အချို့​တို့​သည် တောကန္တာရ​ရှိ ရိမ္မုန်​ကျောက်ဆောင်​သို့​ထွက်ပြေး​ကြ​သဖြင့် အစ္စရေး​တပ်​က​လိုက်လံ​သတ်ဖြတ်​ရာ လမ်း​တစ်လျှောက်​တွင် လူ​အယောက်​ငါး​ထောင်​ကို သတ်ဖြတ်​၏​။ ဂိဒုံ​မြို့​အထိ ဆက်လိုက်​၍ လူ​နှစ်ထောင်​ကို သတ်ဖြတ်​လေ​၏​။

Ver Capítulo Copiar

Common Language Bible

45 အ​ခြား​သူ​တို့​သည်​လှည့်​၍​တော​ကန္တာ​ရ​ဘက်​သို့ ပြေး​ပြီး​လျှင်​ရိမ္မုန်​ကျောက်​သို့​ရောက်​ကြ​၏။ လမ်း များ​ပေါ်​၌​ထို​သူ​တို့​အ​နက်​လူ​ငါး​ထောင်​မျှ ကျ​ဆုံး​ရ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျန်​ရှိ​သေး​သူ​တို့​အား ဂိ​ဒုံ​မြို့​တိုင် အောင်​ဆက်​လက်​လိုက်​လံ​တိုက်​ခိုက်​၍​လူ​နှစ် ထောင်​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-

Ver Capítulo Copiar

Garrad Bible

45 ကျန် သော သူ တို့ လှည့်၍ တော အ ရပ် ရှိ ရိ မ္မုန် ကျောက် တောင် သို့ ပြေး ကြ စဉ်၊ လိုက် လံ သူ တို့ သည် လူ ငါး ထောင် ကို လမ်း တွင် ကောက် သိမ်း၍ ဂိ ဒုံ မြို့ တိုင် လိုက် လံ လျက် လူ နှစ် ထောင် ကို လုပ် ကြံ ကြ သ ဖြင့်

Ver Capítulo Copiar

Judson Bible

45 ကြွင်း​သော​သူ​တို့​သည် လှည့်၍ တော​အ​ရပ် ရိ​မ္မုန်​ကျောက်​သို့ ပြေး​ကြ​စဉ်​တွင်၊ လိုက်​သော​သူ​တို့​သည် လူ​ငါး​ထောင်​တို့​ကို လမ်း​မှာ​ဖမ်း​မိ​ကြ၏။ ဂိ​ဒုံ​မြို့​တိုင်​အောင် အ​ပြင်း​လိုက်၍ လူ​နှစ်​ထောင်​တို့​ကို​လည်း သတ်​ကြ၏။

Ver Capítulo Copiar




သူ​ကြီး 20:45
6 Referencias Cruzadas  

ကြွင်းကျန်​သော​မေရာရိ​သားမြေး​များ​အဖို့ ဇာဗုလုန်​အမျိုးအနွယ်​ထံမှ ရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ တာဗော်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။


လေဗောက်​မြို့​၊ ရှိလဟိမ်​မြို့​၊ အဣန​မြို့​၊ ရိမ္မုန်​မြို့ စသည့်​မြို့​ပေါင်း နှစ်ဆယ့်​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။


ထိုအခါ ဗင်္ယာမိန်​အမျိုးသား​ထဲမှ ရဲစွမ်းသတ္တိ​ရှိ​သူ​တစ်သောင်းရှစ်ထောင်​ကျဆုံး​လေ​၏​။


ထို​နေ့​တွင် ဗင်္ယာမိန်​အမျိုးသား ဓားကိုင်စစ်သူရဲ စုစုပေါင်း နှစ်သောင်းငါးထောင် ကျဆုံး​၏​။


ထို့နောက် လူ​အစုအဝေး​အပေါင်း​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် နေ​သော​ဗင်္ယာမိန်​အမျိုးသား​တို့​ထံ စစ်ပြေငြိမ်း​ပြီ​ဖြစ်ကြောင်း အကြောင်းကြား​လိုက်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos