သူကြီး 1:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယုဒအမျိုးချီတက်သွားသောအခါ ထာဝရဘုရားသည် ခါနာန်လူမျိုးနှင့် ဖေရဇိလူမျိုးတို့ကို သူတို့လက်သို့အပ်တော်မူသဖြင့် သူတို့သည် ဗေဇက်မြို့၌ လူတစ်သောင်းကို သတ်လေ၏။ Ver CapítuloCommon Language Bible4 ယုဒအနွယ်ဝင်တို့နှင့်အတူစစ်ပွဲဝင် ကြ၏။ ထာဝရဘုရားသည်လည်းသူတို့အား ခါနာန်ပြည်သားများနှင့်ဖေရဇိပြည်သား တို့အပေါ်၌အောင်ပွဲခံစေတော်မူသဖြင့် သူတို့သည်ဗေဇက်မြို့တွင်ရန်သူတပ်သား ပေါင်းတစ်သောင်းကိုတိုက်ခိုက်အောင်မြင် လိုက်ကြ၏။- Ver CapítuloGarrad Bible4 ယု ဒ အ နွယ် ချီ သွား ရာ ခါ န နိ၊ ဖေ ရ ဇိ လူ မျိုး တို့ ကို သူ တို့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့် ဗေ ဇက် မြို့ တွင် လူ ပေါင်း တစ် သောင်း ကို လုပ် ကြံ ကြ ၏။ Ver CapítuloJudson Bible4 ယုဒချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကိုအပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတစ်ထောင်ကို သတ်လေ၏။ Ver Capítulo |
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။
ထိုအခါ ယုဒအမျိုးတို့က မိမိတို့အစ်ကိုရှိမောင်အမျိုးတို့အား “ခါနာန်လူမျိုးတို့ကို တိုက်ခိုက်ရန် ငါတို့အမွေမြေသို့ ငါတို့နှင့်အတူ ချီတက်ပါလော့။ ငါတို့သည်လည်း သင်တို့အမွေမြေသို့ သင်တို့နှင့်အတူ ချီတက်မည်”ဟု ဆိုသဖြင့် ရှိမောင်အမျိုးတို့လည်း သူတို့နှင့်အတူ ချီတက်လေ၏။