သူကြီး 1:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထိုအခါ ယုဒအမျိုးတို့က မိမိတို့အစ်ကိုရှိမောင်အမျိုးတို့အား “ခါနာန်လူမျိုးတို့ကို တိုက်ခိုက်ရန် ငါတို့အမွေမြေသို့ ငါတို့နှင့်အတူ ချီတက်ပါလော့။ ငါတို့သည်လည်း သင်တို့အမွေမြေသို့ သင်တို့နှင့်အတူ ချီတက်မည်”ဟု ဆိုသဖြင့် ရှိမောင်အမျိုးတို့လည်း သူတို့နှင့်အတူ ချီတက်လေ၏။ Ver CapítuloCommon Language Bible3 ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊- Ver CapítuloGarrad Bible3 ဆွေ မျိုး သား ချင်း ရှိ မောင့် အ နွယ် အား ယု ဒ အ နွယ် က ခါ န နိ လူ မျိုး နှင့် စစ် ပြိုင် ရန် ကျွန် တော် တို့ ပိုင် စု နယ် သို့ လိုက် ခဲ့ ပါ။ ကျွန် တော် တို့ လည်း သင် တို့ ပိုင် စု နယ် သို့ လိုက် ပါ မည် ဟု ဆို သည့် အ တိုင်း ရှိ မောင့် အ နွယ် လိုက် ပါ လေ ၏။ Ver CapítuloJudson Bible3 ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကိုတိုက်ခြင်းငှာ ငါ့အမွေမြေသို့ ငါနှင့်အတူလိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည်လိုက်သွားလေ၏။ Ver Capítulo |