Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 31:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သူ​သည် သိုးမွေး​နှင့်​ဗီသွာလျှော်​ကို​ရှာ​ပြီးလျှင် မိမိ​၏​လက်​ဖြင့် စိတ်ပါလက်ပါ​လုပ်ဆောင်​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

13 သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။

Ver Capítulo Copiar

Garrad Bible

13 သိုး မွေး နှင့် ဝါ ကို ရှာ၍၊ လက် ဖြင့် စိတ် တိုင်း ကျ လုပ် တတ်၏။

Ver Capítulo Copiar

Judson Bible

13 သိုး​မွေး​နှင့် ဝါ​ကို​ရှာ၍၊ မိ​မိ​လက်​နှင့် အ​လို​အ​လျောက်​လုပ်​တတ်၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 31:13
17 Referencias Cruzadas  

မိဒျန်​ယဇ်ပုရောဟိတ်​၏​သမီး​ခုနစ်​ယောက်​သည် ရောက်လာ​၍ မိမိ​တို့​ဖခင်​၏​သိုးဆိတ်​တို့​ကို ရေတိုက်​ရန် ရေခပ်​ကြ​ပြီး ရေစားကျင်း​များ​ကို​ဖြည့်​ကြ​၏​။


ထို​မယား​သည် မိမိ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ခင်ပွန်းသည်​အား ဆိုးကျိုး​မ​ပြု​၊ ကောင်းကျိုး​ကို​သာ​ပြု​တတ်​၏​။


ကုန်သွယ်​သင်္ဘော​များ​ကဲ့သို့ မိမိ​၏​အစားအစာ​ကို ဝေးလံ​သော​အရပ်​မှ​သယ်ဆောင်​လာ​တတ်​၏​။


သင်​တို့​အား ငါ​တို့​ညွှန်ကြား​ခဲ့​သည့်​အတိုင်း အေးဆေး​တည်ငြိမ်​စွာ​နေထိုင်​နိုင်​ရန် ရည်မှန်း​ကြိုးစား​လျက် မိမိ​ကိစ္စ​များ​ကို​အာရုံစိုက်​၍ မိမိ​တို့​လက်​ဖြင့်​အလုပ်​လုပ်​ကြ​ရန်​လည်းကောင်း ငါ​တို့​တိုက်တွန်း​နှိုးဆော်​ပါ​၏။


သားသမီး​များ​ကို​ပြုစု​စောင့်ရှောက်​ခြင်း၊ ဧည့်ဝတ်​ကျေပွန်​ခြင်း၊ သန့်ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်းရဲ​ဒုက္ခ​ခံရ​သူ​များ​ကို​ကူညီ​စောင့်ရှောက်​ခြင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​ကို​ပါဝင်​လုပ်ဆောင်​ခြင်း စသည့်​ကောင်း​သော​အမှု​များ​ကြောင့် ချီးကျူး​ခံရ​သူ​ဖြစ်​ရ​မည်။


ထို့ကြောင့် ငယ်ရွယ်​သော​မုဆိုးမ​တို့​သည် အိမ်ထောင်ပြု​လျက် သားသမီး​များ​မွေးဖွား​ကာ အိမ်မှုကိစ္စ​ကို​စီမံ​ကွပ်ကဲ​၍ ရန်သူ​အား ကဲ့ရဲ့​ပြစ်တင်​ခြင်း​အခွင့်​ကို​မ​ပေး​ရန် ငါ​အလိုရှိ​၏။


ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူစင်​သန့်ရှင်း​သော​သူ၊ အိမ်မှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ၊ ကောင်းမွန်​သော​သူ၊ မိမိ​ခင်ပွန်းသည်​ကို နာခံ​သော​သူ​ဖြစ်​ကြ​ရန် သတိပေး​ဆုံးမ​နိုင်​သဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် စော်ကား​ပြောဆို​ခံရ​ခြင်း​မှ ကင်းလွတ်​လိမ့်မည်။


ဤသို့ဖြင့် ရုသ​သည် မုယောစပါး​ရိတ်သိမ်း​ပြီး​ချိန်​၊ ဂျုံ​ရိတ်သိမ်း​ပြီး​ချိန်​အထိ ဗောဇ​၏​အစေအပါး​မိန်းကလေး​တို့​အနား​တွင် ကောက်သင်းကောက်​လေ​၏​။ ယောက္ခမ​နှင့်​လည်း အတူ​နေထိုင်​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos