ဒေသနာကျမ်း။ 9:15 - မြန်မာ့စံမီသမ္မာကျမ်း15 သို့သော် ထိုမြို့၌ ပညာရှိသည့်ဆင်းရဲသောသူတစ်ယောက်ရှိ၍ သူသည် မိမိ၏ဉာဏ်ပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့ရာတွင် ထိုဆင်းရဲသောသူကို မည်သူမျှအောက်မေ့ခြင်းမရှိကြ။ Ver CapítuloCommon Language Bible15 ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။ Ver CapítuloGarrad Bible15 ၎င်း မြို့ တွင် ပ ညာ ရှိ ဆင်း ရဲ သား တစ် ယာက် ကို တွေ့ သ ဖြင့်၊ သူ့ ပ ညာ အ စွမ်း နှင့် ကယ် လွှတ် လေ၏။ သို့ ရာ တွင် ထို ပ ညာ ရှိ ဆင်း ရဲ သား ကို မည် သူ မျှ သ တိ မ ရ ချေ။ Ver CapítuloJudson Bible15 ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတစ်ယောက်သည် မိမိပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့သော်လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှမအောက်မေ့။ Ver Capítulo |
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။