Biblia Todo Logo
La Biblia Online
- Anuncios -




ဒေသနာကျမ်း။ 9:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့ဖြစ်၍ ငါ​ဆို​သည်​ကား ဉာဏ်ပညာ​သည် အစွမ်းတန်ခိုး​ထက်​ပို၍​ကောင်း​၏​။ သို့သော် ဆင်းရဲသား​၏​ဉာဏ်ပညာ​သည် အထင်အမြင်​သေး​ခြင်း​ခံရ​၍ သူ​၏​စကား​တို့​ကို မည်သူမျှ​နား​မ​ထောင်​ကြ​။

Ver Capítulo Copiar

Common Language Bible

16 ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။

Ver Capítulo Copiar

Garrad Bible

16 သို့ ဖြစ်၍ ငါ က၊ ဉာဏ် ပ ညာ သည် ခွန် အား ဗ လ ထက်၊ ထက် မြက် သော် လည်း၊ ဆင်း ရဲ သူ၏ ပ ညာ ကို မူ ကား၊ မ ထီ မဲ့ မြင် ပြု တတ် သည့် ပြင်၊ စ ကား ကို လည်း အ လေး မ မူ ကြ။

Ver Capítulo Copiar

Judson Bible

16 ထို​အ​ခါ ငါ​ဆို​သည်​ကား၊ ပ​ညာ​သည် ခွန်​အား​ထက်​သာ၍​ကောင်း​မြတ်၏။ သို့​သော်​လည်း၊ ဆင်း​ရဲ​သော​သူ၏​ပ​ညာ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။ သူ၏​စ​ကား​ကို နား​မ​ထောင်​တတ်​ကြ။

Ver Capítulo Copiar




ဒေသနာကျမ်း။ 9:16
13 Referencias Cruzadas  

ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​တို့​၏​ပျက်စီး​ခြင်း​အကြောင်း​သည် သူ​တို့​၏​ဆင်းရဲ​ခြင်း​ဖြစ်​၏​။


ပညာရှိ​သော​သူ​သည် သူရဲကောင်း​တို့​၏​မြို့​သို့ ချီတက်​၍ သူ​တို့​ကိုးစား​သော ခိုင်ခံ့​သည့်​နေရာ​ကို ဖြိုချ​တတ်​၏​။


ပညာရှိ​သော​သူ​သည် အစွမ်းသတ္တိ​ရှိ​၏​။ အသိပညာ​ရှိ​သော​သူ​သည်​လည်း ခွန်အား​တိုးပွား​တတ်​၏​။


ငါ​၌ အကြံဉာဏ်​နှင့် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ရှိ​၏​။ ငါ​သည် အသိဉာဏ်​ဖြစ်ပြီး ငါ​၌​အစွမ်းတန်ခိုး​ရှိ​၏​။


ပုဆိန်​တုံး​သောအခါ ၎င်း​၏​အသွား​ကို​မ​သွေး​ဘဲ​နေ​လျှင် ခွန်အား​ပို၍​စိုက်ထုတ်​ရ​လိမ့်မည်​။ ဉာဏ်ပညာ​မူကား အောင်မြင်​စေ​သော​အကျိုး​ကျေးဇူး​ရှိ​၏​။


အကြောင်းမူကား ငွေ​သည် အကာအကွယ်​ဖြစ်​သကဲ့သို့ ဉာဏ်ပညာ​သည် အကာအကွယ်​ဖြစ်​၏​။ ဉာဏ်ပညာ​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​အား အသက်ရှင်​စေ​တတ်​၏​။ ဤသည်ကား အသိပညာ​၏​အကျိုး​ဖြစ်​၏​။


ဉာဏ်ပညာ​သည် ပညာရှိ​သော​သူ​ကို မြို့​ထဲ၌​ရှိ​သော​အုပ်ချုပ်​သူ​ဆယ်​ဦး​ထက် ပို၍​အားကြီး​စေ​တတ်​၏​။


ဉာဏ်ပညာ​သည် စစ်​လက်နက်​များ​ထက် ပို၍​ကောင်း​၏​။ သို့သော် အပြစ်ပြု​သော​သူ​တစ်​ဦး​သည် ကောင်း​သော​အမှု​များစွာ​တို့​ကို ဖျက်ဆီး​တတ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos