ထွက်မြောက် 12:43 - မြန်မာ့စံမီသမ္မာကျမ်း43 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။ Ver CapítuloCommon Language Bible43 ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။- Ver CapítuloGarrad Bible43 မော ရှေ နှင့် အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က၊ ပ သ ခါ ပွဲ ထုံး ဖွဲ့ နည်း ဟူ သည် ကား လူ မျိုး ခြား မ စား ရ သော် လည်း၊ Ver CapítuloJudson Bible43 ပသခါပွဲတရားဟူမူကား၊ တစ်ပါးအမျိုးသားမစားရ။ Ver Capítulo |
သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုကျင်းပလိုလျှင် သူနှင့်အတူရှိသောယောက်ျားအပေါင်းတို့သည် အရေဖျားလှီးခြင်းကိုခံရမည်။ သို့ပြီးမှ သူသည် ပသခါပွဲကိုပါဝင်ကျင်းပနိုင်မည်။ အမျိုးသားချင်းကဲ့သို့လည်းဖြစ်မည်။ သို့သော် အရေဖျားလှီးခြင်းမခံသောသူမည်သူမျှ ပသခါသိုးကိုမစားရ။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။