Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 77:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​တည်းဟူသော ယာကုပ်​နှင့်​ယောသပ်​၏​အမျိုးအနွယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​ရွေးနုတ်​တော်မူ​ပြီ​။(​စေလာ)

Ver Capítulo Copiar

Common Language Bible

15 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သော ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။

Ver Capítulo Copiar

Garrad Bible

15 လူ မျိုး တော် တည်း ဟူ သော ယာ ကုပ် နှင့် ယော သပ်၏ သား မြေး တို့ ကို၊ လက် ရုံး တော် ဖြင့် ရွေး နုတ် တော် မူ ပါ ပြီ ဟူ၍ တည်း။

Ver Capítulo Copiar

Judson Bible

15 ကိုယ်​တော်၏​လူ​တည်း​ဟူ​သော ယာ​ကုပ်​နှင့် ယော​သပ်၏​အ​မျိုး​ကို လက်​ရုံး​တော်​နှင့် ကယ်​နုတ်​တော်​မူ​ပြီ။

Ver Capítulo Copiar




ဆာ​လံ 77:15
11 Referencias Cruzadas  

အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ​ပြု​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင် ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။


ရှေးကာလ​က ကိုယ်တော်​ဝယ်ယူ​ထား​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ အမွေ​တော်​အဖြစ် ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​အမျိုးအနွယ်​နှင့် ကိုယ်တော်​ကိန်းဝပ်​တော်မူ​ခဲ့​ရာ ဇိအုန်​တောင်​ကို အောက်မေ့​တော်မူ​ပါ​။


ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​လူမျိုး​ကို မေတ္တာကရုဏာ​တော်​ဖြင့် ပို့ဆောင်​တော်မူ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​စံမြန်း​ရာ​အရပ်​သို့ အစွမ်းတန်ခိုး​တော်​ဖြင့် လမ်းပြ​တော်မူ​၏​။


သို့ဖြစ်၍ အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို ဆွဲထုတ်​၍ သူ​တို့​၏​ကျွန်ပြု​ခြင်း​မှ​လည်း သင်​တို့​ကို ငါ​ကယ်နုတ်​မည်​။ လက်ရုံး​ကို​ဆန့်​လျက် သူ​တို့​ကို​ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ရွေးနုတ်​မည်​။


သူ​တို့​ခံရ​သမျှ​သော​ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​လည်း ခံ​တော်မူ​ခဲ့​၏​။ မျက်မှောက်​တော်​ရှိ ကောင်းကင်တမန်​သည် သူ​တို့​ကို ကယ်တင်​ခဲ့​၏​။ ကိုယ်တော်​သည် မေတ္တာ​ကရုဏာ​တော်​ဖြင့် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​၏​။ ရှေး​ကာလ​ပတ်လုံး သူ​တို့​ကို​ချီ​ဆောင်​တော်မူ​ခဲ့​၏​။


ဤသို့ဖြင့် ဒံယေလ​သည် ဒါရိ​မင်းကြီး​လက်ထက်​နှင့် ပါးရှား​လူမျိုး​ကုရု​မင်းကြီး​လက်ထက်​တို့​တွင် ကောင်းစား​လျက်​နေ​၏​။


ငါ​သည် ထာဝရဘုရား​အား ‘​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​တန်ခိုး​တော်​ဖြင့် ရွေးနုတ်​တော်မူ​သော​၊ အားကြီး​သော​လက်​တော်​ဖြင့် အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​အမွေ​တော်​ကို ဖျက်ဆီး​တော်​မ​မူ​ပါ​နှင့်​။


အကယ်စင်စစ် ဤ​သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော​တန်ခိုး​တော်​၊ ကိုယ်တော်​၏​ဆန့်တန်း​သော​လက်ရုံး​တော်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​အမွေ​တော်​ဖြစ်​ကြ​ပါ​၏​’​ဟု ဆုတောင်း​လေ​၏​။


ထို့နောက် ယောရှု​က လူ​အပေါင်း​တို့​အား “​သင်​တို့​သည် မိမိကိုယ်မိမိ​သန့်ရှင်း​စေ​ကြ​လော့​။ ထာဝရဘုရား​သည် မနက်ဖြန် သင်​တို့​အလယ်​၌ အံ့ဖွယ်​အမှု​ကို​ပြု​တော်မူ​မည်​”​ဟု မှာကြား​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos