ဆာလံ 77:14 - မြန်မာ့စံမီသမ္မာကျမ်း14 ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသောဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အစွမ်းသတ္တိကို လူမျိုးတကာတို့အား သိမြင်စေတော်မူပြီ။ Ver CapítuloCommon Language Bible14 ကိုယ်တော်ရှင်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော ဘုရားဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ဘုန်းတန်ခိုးတော် တို့ကို လူမျိုးတကာတို့အားပြတော်မူခဲ့ပါ၏။ Ver CapítuloGarrad Bible14 ကိုယ် တော် သည်၊ အံ့ ဖွယ် ရာ များ ကို စီ ရင် လျက်၊ လူ မျိုး တို့ တွင် တန် ခိုး တော် ကို ပြ တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။ Ver CapítuloJudson Bible14 ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို ပြုတတ်သောဘုရား ဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ။ Ver Capítulo |
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။