ရှင်ယောဟန် 1:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထိုအရှင်သည် မိမိဖန်ဆင်းတော်မူခဲ့သောကမ္ဘာလောကသို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့သည် ထိုအရှင်ကို မသိကြပေ။ Ver CapítuloCommon Language Bible10 နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။- Ver CapítuloGarrad Bible10 ဤလောက၌ ရှိနေတော်မူလျက်ပင်၊ ကိုယ်တော်အားဖြင့်ပေါ်လာသောဤလောကသည် ကိုယ်တော်ကိုမသိ။ Ver CapítuloJudson Bible10 ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း10 ကိုယ်တော်သည် ဤလောက၌ရှိနှင့်တော်မူ၍ ဤလောကသည် ကိုယ်တော်အားဖြင့်ဖြစ်လာသော်လည်း ဤလောကသည် ကိုယ်တော်ကိုမသိ။ Ver Capítuloမြန်မာ10 ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- Ver Capítulo |
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
အဘယ်ကြောင့်ဆိုသော် သားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၌ ရှိသော မျက်စိဖြင့် မြင်ရသောအရာ၊ မမြင်ရသောအရာဟူသမျှ ရာဇပလ္လင်ဖြစ်စေ၊ အုပ်စိုးပိုင်ခွင့်ဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ အရာအားလုံးတို့ကို ဖန်ဆင်းတော်မူသောကြောင့် ဖြစ်၏။ အရာအားလုံးသည် ထိုသားတော်အတွက်လည်းကောင်း၊ ထိုသားတော်အားဖြင့်လည်းကောင်း ဖန်ဆင်းခံကြရ၏။